အခန်း(၅၁)/အခနျး(၅၁)

19.6K 2.7K 46
                                    

Zawgyi
ရှောင်​ယဲ့ အ​သေးအဖွဲ့ဒဏ်​ရာ​တွေက​နေ လုံးဝပြန်​​ကောင်းသွားပြီး ​ဆေးရုံက​နေဆင်းခွင့်​ရသည်​အထိ ဝမ်​ကျိုက တကယ်​ကြီး တစ်​လလုံးလုံး သူ​ပြောတဲ့စကားကိုတည်​​လေရဲ့။ သူ့ရဲ့စိတ်​အားထက်​သန်​ပြီးတက်​ကြွတဲ့အတိတ်​က ပုံရိပ်ကို ပြန်​မ​ပြောင်း​သွား​ချေ။ တကယ့်ကိုအ​ရေးကြီးတဲ့​ ​ဆွေး​နွေးစရာ​တွေကလွဲရင်​ တစ်​ခြားအ​ကြောင်း​ဆို ​သိပ်​​တောင်​မ​ပြောဘူး။

ရှောင်​ယဲ့​ဆေးရုံတက်​​နေရတဲ့အချိန်​မှာ ကံ​ကောင်းစွာတဲ့ အတန်း​ဖော်​​တွေက ​နေ့တိုင်းလို သူ့အတွက်​​ကျောင်းမှတ်​စုနဲ့အိမ်​စာ​တွေလာလာပို့​ပေးကြတယ်​။ အဲ့ဒါ​ကြောင့်​ပဲ ​ရှောင်​ယဲ့ ​ကျောင်းစာ​တွေကိုမလွတ်​သွားသလို, ဘယ်​ဘာသာရပ်​ကိုမဆို ပြန်​လုပ်​ဖို့လည်းမ​လို​တော့​ပေ။

သူ​ဆေးရုံဆင်းတဲ့​နေ့မှာပဲ, အုပ်​စုလိုက်​ကြီး ​အောင်​ပွဲခံဖို့ဆိုပြီး ​​ရောက်​ချလာကာ သူ့ကို ​ကျောင်းပြန်​လိုက်​ပို့​ပေးကြတယ်​။ အလုပ်​အရမ်းရှုပ်​​နေတဲ့ ပါးပါးကျန့်​​တောင်​မှ အားလပ်​ရက်​ခွင့်​ယူပြီး တကူးတက ကမန်းကတန်းပြန်​လာ​လေသည်​။

"ပါး, ပါးအဲ့ခွင့်​ကိုမသုံးလိုက်​သင့်​ဘူး။ ပါး လဝက်​ကြီး​တောင်ခွင့်​ယူလိုက်​ရပြီ"

အပြစ်​ရှိသလိုမျက်​နှာဟန်​နှင့်​ ပါးပါးကျန့်​က​တော့,
"ပါးအလုပ်​အရမ်းရှုပ်​​နေ​ခဲ့လို့ သားမှာဒီလိုကိစ္စမျိုးဖြစ်​ခဲ့ရတာ​လေ။ တကယ်​လို့ ပါးသာ အဲ့​နေ့ကအလုပ်​ကိစ္စခရီးမသွားဘဲ သားကို အိမ်​ပြန်​လာခိုင်းလိုက်​ရင်​, သားအဲ့လို ဖြစ်​ချင်​မှဖြစ်​မှာ​လေ......"

"ပါးနဲ့မဆိုင်​ပါဘူး။ တကယ်​လို့ ကျွန်​​တော်​ အိမ်​ပြန်​သွားခဲ့တယ်​ဆိုရင်​​တောင်​မှ, ကျွန်​​တော်​အဲ့လမ်းမှာ ရပ်​ရင်​ရပ်​ဦးမှာပဲ​လေ။ ဒါ့အပြင်​, အရာအားလုံးအဆင်​​ပြေပါတယ်​,ပါးရဲ့သားသမက်​​လေးကိုသာ ​ကျေးဇူးတင်​လိုက်​"
ဝမ်​ကျို့လက်​ကိုဆွဲကိုင်​ရင်း ​ရှောင်​ယဲ့ ​ပြောလိုက်​သည်​။

ဝမ်​ကျို စကားလမ်း​ကြောင်းလွှဲလိုက်​ပြီး, "ပါး, ကျွန်​​တော်​​ရှောင်​ယဲ့ကို မကာကွယ်​နိုင်​ခဲ့ဘူး။ ပါးအပြစ်​တင်​ချင်​တယ်​ဆိုရင်​ ကျွန်​​တော့်​ကိုအပြစ်​တင်​ပါ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now