Zawgyi
နောက်ရက်က စနေနေ့ဖြစ်တာကြောင့် ကျိုယဲ့ အလုပ်သွားစရာမလိုပေ။ ပြီးတော့ သူ ပုံမှန်ထက်နည်းနည်းလေးပိုပြီးနောက်ကျမှ အိပ်ရာထလို့လည်းရတယ်။ ကုမ္ပဏီနားမှာ သူငှါးထားတဲ့အိမ်က အဆင်သင့်ဖြစ်လုနီးပါးရှိနေပြီဖြစ်တာကြောင့်, နောက်နေ့ဆို, သူ ပြောင်းရွေ့လို့တောင်ရပြီ။"ငါနေ့လည်စာချက်လိုက်မယ်။ ရှောင်ယဲ့, မင်း ငါ့ကို ပစ္စည်းတွေသွားဝယ်ဖို့ အပြင်ခေါ်သွားပေးလို့ရမလား? ငါက ဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိဘူးလေ"
ကျိုယဲ့ ရှောင်ယဲ့ထံ အဓိပ္ပါယ်အပြည့်နဲ့အကြည့်တစ်ခု ပစ်ခွင်းလိုက်သည်။ရှောင်ယဲ့လည်း အသေအချာကိုသဘောပေါက်သွားသည်။
"ကျိန်းသေတာပေါ့, သွားရအောင်"မနက်စာစားနေတုန်းဖြစ်တဲ့ ဝမ်ကျိုက စကားစလာသည်။
"ကော, ကျွန်တော့်ကိုလည်း အကိုတို့နဲ့ လိုက်ခွင့်ပေးပါနော်"ကျိုယဲ့ ဝမ်ကျို့ကို သူ့ပုခုံးကနေ ထိုင်ခံပေါ်ကို ပြန်ဖိချလိုက်သည်။
"မင်းမှမချက်ပြုတ်နိုင်တာ, မင်းဘာလုပ်တတ်မှာလဲ? အိမ်ကိုသာ သေသေချာချာစောင့်ရှောက်ထား, ငါတို့မကြာခင်ပြန်လာခဲ့မယ်နော်""ဒါပေမဲ့........"
ရှောင်ယဲ့က သူ့ရဲ့ငှက်မွှေးနုနဲ့လုပ်ထားတဲ့ ကုတ်အင်္ကျီကိုတောင် ဝတ်လို့ပြီးသွားပြီ။
"စကားနားထောင်စမ်းပါ"(T/n ကလေးကိုနှစ်ယောက်ပေါင်းပြီး မနာလိုအောင်လုပ်နေလိုက်။ ယောက္ခမနဲ့ ချွေးမတည့်ရင် ယောက်ျားက ငိုရသလိုပဲ 😂😂😂)
"........ဟုတ်"
ဝမ်ကျို သူတို့ကိုတံခါးဝထိလိုက်ပို့ပေးမှာ ဖြစ်တာကြောင့် သူ့ရဲ့ ဆိတ်မွှေးနဲ့လုပ်ထားတဲ့ လည်စီးကို အဝတ်စင်ကနေ ဖြုတ်ယူလိုက်သည်။ အရင်ကကျထားတဲ့နှင်းတွေက အရည်မပျော်သေးဘဲ, လေထုက စိုစွတ်ပြီးအေးစက်ကာ အရိုးထဲအထိကိုစိမ့်ဝင်နေတော့သည်။ သူ့မှာလုပ်စရာသာမရှိခဲ့ဘူးဆိုရင် ရှောင်ယဲ့ ဒီလိုရာသီဥတုမျိုးနဲ့ အပြင်ကိုမထွက်ချင်ဘူး။ ကံကောင်းစွာနဲ့ပဲ, ကျိုယဲ့က ကားယူလာလေသည်။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...