အခန်း(၂၉)/အခနျး(၂၉)

18.1K 2.9K 170
                                    

Zawgyi
အလုပ်​ရှုပ်​လှပြီး ပြင်းပြင်းထန်​ထန်​အကြိတ်​အနယ်​ လုပ်​​နေရတဲ့ စာ​မေးပွဲရက်​သတ္တပတ်​ဟာဆိုရင်​​တော့ဖြင့်​ အဆုံးမရှိဘူးလို့​တောင်​ ထင်​​နေရသည်​။ ညည့်​အပြင်​ မျက်​​တောင်​တစ်​ခတ်​​လေးအတွင်းတွင်​လည်း ​ကျော်​လွန်​သွားပြန်​ပြီဟု ထင်​ရပြန်​သည်​။

စာ​မေးပွဲ​နောက်​ဆုံးရက်​မှာ နှင်း​အများအပြား ကျ​နေပြီး Tတက္ကသိုလ်​ရဲ့ အမြဲစိမ်းပင်​​တွေသည်​ လုံးဝကိုအဖြူ​ရောင်​နှင်း​တွေရဲ့ ဖုံးလွှမ်းခြင်းကိုခံ​နေရ​တော့သည်​။ ​နောက်​ဆုံးပိတ်​စာ​မေးပွဲ ​အပြီးသတ်​ပြီးဆုံးသွားတဲ့အချိန်​မှာပဲ ဝမ်​ကျို စာသင်​ဆောင်​က​နေထွက်​လာလိုက်​​တော့ အပြင်​ဘက်​ရဲ့ ရှားပါးပြီး လှပတဲ့မြင်​ကွင်းကို​တွေ့လိုက်​ရသည်​။ သူ လမ်း​လျှောက်​တာရပ်​လိုက်​ပြီး သူ့မျက်​နှာတစ်​ဝက်​ကိုဖုံးထားတဲ့ လည်​စည်းပဝါကို ဆွဲချကာ တစ်​ခဏ​လောက်​ ထိုမြင်​ကွင်းအလှကိုခံစား​နေမိသည်​။

လည်​စည်းပဝါက သူအပြင်​မထွက်​ခင်​မှာ ​ရှောင်​ယဲ့ကိုယ်​တိုင်​ကိုယ်​ကျ သူ့လည်​ပင်းမှာပတ်​​ပေးလိုက်​တာ။ ပြီး​တော့ အဲ့တာက ပုံမှန်​ထက်​ ပိုပြီး​နွေးတယ်​လို့ခံစားရတယ်​။ ​အ​နွေးဓာတ်​ကို ဝမ်​ကျို ​အေး​အေး​ဆေး​ဆေးခံစား​နေလိုက်​ပြီး ရယ်​ပြုံး​နေမိတာကိုအ​တောမသတ်​နိုင်​​တော့​ပေ။ သူ့ဝင်​​လေထွက်​​လေက ​လေထဲကို​ရောက်​သွားပြီး ​​ဝေ့လည်​​လှည့်​​နေတဲ့ နှင်းပွင့်​​တွေနဲ့အတူ ခွဲခြား၍မရနိုင်​​အောင်​​ရော​နှောသွား​တော့သည်​။

ရှောင်​ယဲ့မှာ သူ့ထက်​ပိုပြီးစာ​မေးပွဲ​ဖြေရမဲ့ဘာသာရပ်​ နည်းတာ​ကြောင့်​ ​သူ မ​နေ့တစ်​​နေ့ကတည်းက သူ့စာ​မေးပွဲကို​ဖြေလို့ပြီးနှင့်​​နေပြီ​။ ဒီအချိန်​​လောက်​ဆို ​ရှောင်​ယဲ့အခန်းထဲမှာပဲ ဂိမ်း​ဆော့ပြီး သူပြန်​လာတာကို​စောင့်​​နေမှာ ​သေချာသ​လောက်​ပဲ။ ​နေ့လည်​ကျရင်​​တော့, သူတို့​​တွေ ​ဆောင်းရာသီပိတ်​ရက်​ ခရီးစထွက်​ကြမယ်​။ အဲ့ဒါကို ​ကြို​မျှော်​မှန်းစဉ်းစားမိတာနဲ့ အ​ဆောင်​ကိုပြန်​​ရောက်​ဖို့​တောင်​ ဝမ်​ကျိုမ​စောင့်​နိုင်​​တော့ဘူး။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now