Zawgyi
အိမ်ပြန်လမ်းမှာ ကျန့်ရှောင်ယဲ့ တကယ်စိတ်အနှောင့်အ
ယှက်ဖြစ်မိတယ်လို့ ခံစားရတယ်။ အရက်ရယ် တံခါးကနေ အပြေးအလွှားထွက်လိုက်တာရယ် ရောသွားတော့ သူ့ဗိုက်ထဲမှာ အခုဆို တော်တော်လေးလူးလိမ့်နေပြီ။ အပူငွေ့က
မြင့်တက်လာပြီးတော့ သူ့နှလုံးသားကို နှိုးဆွပေးနေလေရဲ့။ တစ်ယောက်ယောက်လာပြီးတော့ ရန်စလာပါစေလို့
တောင် ရှောင်ယဲ့ မျှော်လင့်နေမိသည်။ အဲ့တာဆို သူစိတ်ပြေရာပြေကြောင်း ရန်ဖြစ်လို့ရတယ်လေ။ ကံမကောင်းစွာနဲ့ပဲ ဘယ်သူကမှ သူ့ကိုပြဿနာလာမရှာဘူး။ သူလုပ်နိုင်သမျှကတော့ အဆောင်ခန်းကိုရောက်တဲ့အထိ သူအဲ့တာကို သည်းခံထားဖို့ပဲရှိတော့တယ်။သူအဆောင်တံခါးကို ဖွင့်လျှင်ဖွင့်ခြင်းပဲ ဝမ်ကျိုက သူ့အိပ်ရာပေါ်မှာ ထိုင်နေတာကို ရှောင်ယဲ့တွေ့လိုက်ရသည်။
ဝမ်ကျို ရှောင်ယဲ့တံခါးဝမှာရပ်နေတာကို တွေ့သွားတော့
သူ့စကားတွေက ပျာယာခတ်ကုန်တော့သည်။ "ရွှဲ-ရွှဲကျန်း၊ ဘာလို့အစောကြီးပြန်လာတာလဲ?"ကျန့်ရှောင်ယဲ့ တံခါးကို ပြင်းပြင်းထန်ထန် ဆောင့်ပိတ်လိုက်
ပြီး အေးစက်စက်မျက်နှာထားနှင့် အရှေ့ကို လျှောက်သွားလိုက်သည်။"-ီးကို မင်းက ငါ့အိပ်ရာထဲမှာဘာလုပ်နေတာလဲ"
ဝမ်ကျို အရင်တုန်းက ကျန့်ရှောင်ယဲ့ရဲ့မျက်နှာပေါ်မှာ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်ပြီး ခက်ထန်နေတဲ့ မျက်နှာထားမျိုး ဘယ်တုန်းကမှ မတွေ့ဖူးဘူး တာကြောင့် ခဏတစ်ဖြုတ် မှင်သက်သွားသည်။ ပြီးတော့မှ ပျာယာခတ်ပြီး
ကြောက်လန့်တကြားနဲ့ သူပြန်ဖြေလိုက်မိသည်။
"ကျွန်တော်- ကျွန်တော်- ကျွန်တော် ရွှဲကျန်းကို လွမ်းလို့ ၊ ရွှဲကျန်း"ကျန့်ရှောင်ယဲ့ ဝမ်ကျိုရဲ့အင်္ကျီကော်လာကို ဆွဲဖို့ အရှေ့ကို တိုးလိုက်ပြီး သူ့လက်ကို အားအပြည့်ထည့်လိုက်သည်။ အဲ့တာမှ ရှောင်ယဲ့ သူ့ထက်အရပ်ပိုရှည်တဲ့ ဝမ်ကျိုကို တကယ် ဆွဲချလို့ရမှာလေ။ "မင်းလည်းပဲ ငါနဲ့အိပ်ချင်နေတာလား? မင်းမှာ အဲ့တာလုပ်ဖို့ အရည်အချင်းရောရှိလို့လား,ဟမ်? အဲ့တာက မင်းရဲ့နောက်ဆုံး ရည်မှန်းချက်
ကြီး မဟုတ်လား?"
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...