Zawgyi
နှစ်ယောက်သားစားလို့သောက်လို့ပြီးတော့ သူတို့အဆောင်ကိုပဲ သူတို့ပြန်လာလိုက်သည်။ ပစ္စည်းတစ်ချို့ကို ထုပ်ပိုးလိုက်ပြီး ဆောင်းရာသီပိတ်ရက်အတွက် စီစဉ်ထားသည့်အတိုင်း ဝမ်ကျို့အိမ်ကိုသာ ချက်ချင်းသွားလိုက်တော့သည်။ ရှောင်ယဲ့ သူ့ဒေါသကိုဘေးချိတ်ထားလိုက်ပြီး happy little song ကိုနှုတ်ခမ်းပိတ်လျက် ညည်းနေတာကြောင့် သူ့ရဲ့နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်ဟန် သက်ဝင်လှုပ်ရှားလာသည်။ ဝမ်ကျိုကတော့ သူ့စိတ်အခြေအနေကို သဘောမပေါက်တာကြောင့် တစ်ခြားအမှားတွေမလုပ်မိအောင် စကားကိုနည်းနိုင်သမျှနည်းနည်းပဲ ပြောတော့သည်။သူတို့ဆီမှာ ခရီးဆောင်အိတ်အများကြီးမရှိဘူးဆိုသော်ငြားလည်း အပြင်ဘက်ကနှင်းထုကတော့ တဖြည်းဖြည်းနဲ့ များပြားကြီးထွားလာနေသည်။ ရှောင်ယဲ့အဖျားမိသွားမှာ သူစိုးရိမ်မိတာကြောင့် သူတို့ကျောင်းဂိတ်ဝလည်းရောက်တဲ့အခါ သူ့အိမ်ကိုသွားဖို့ကျန်နေတဲ့လမ်းကို သွားဖို့ သူတို့အတွက် ကားတစ်စီးသာ ဝမ်ကျိုခေါ်လိုက်တော့သည်။
တစ်နာရီကြာပြီးနောက်, မြို့လည်ခေါင်ရဲ့ တိတ်ဆိတ်ပြီးအေးချမ်းတဲ့ villa area မှာ Taxi ကားကရပ်သွားသည်။ ကားထဲကထွက်ပြီး ရှောင်ယဲ့ သူ့အရှေ့မှာရှိတဲ့ ဥရောပစတိုင်လ် အဆောက်အအုံ့ကြီးကိုကြည့်ကာ လေချွန်လိုက်သည်။
"အရမ်းချမ်းသာတာပဲ။ ဒါကြီးက အရမ်းလှတာပဲ"ကားနောက်ပစ္စည်းထားတဲ့နေရာကနေ ဝမ်ကျို ခရီးဆောင်အိတ်တွေကိုဆွဲထုတ်နေပြီး အဲ့တာကိုကြားလိုက်ရတဲ့အခါ သူရှက်သွားမိသည်။
"ရွှဲကျန်း, ရွှဲကျန်း ဒါကြီးကိုအခုနေတုန်းတော့ ကြိုက်မှာ။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်တော့်အိမ်မှာ ဘာပျော်စရာမှမရှိဘူး"အဲ့တာက ရယ်စရာကောင်းလိုက်တာလို့သာ ရှောင်ယဲ့ တွေးလိုက်တော့သည်။
"ခွေးရူးလေး" ငါက တကယ်ပဲဒီကို ကစားဖို့လာသလိုပဲပြော။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...