အခန်း(၄၉)/အခနျး(၄၉)

17.6K 2.7K 127
                                    

Zawgyi
ဝမ်​ကျို ဖုန်းကိုလက်​ကချလိုက်​တဲ့အချိန်​မှာ ည၁၀နာရီ​တောင်​ ​တော်​​တော်​​ကျော်​ပြီး​နေပြီ, အ​ကြောင်းကြချက်​မရှိ သူ့စိတ်​ထဲမှာ စိုးရိမ်​​ပူပန်​မှု​တွေက တိုးလာ​တော့သည်​။

ရှောင်​ယဲ့ အပြင်​ကိုထွက်​သွားတာ တစ်​နာရီနီးပါး​တောင်​ရှိနှင့်​​နေပြီ, ပြီး​တော့ ဆရာ​တွေအ​ဆောင်​ကလည်း အဲ့​လောက်​ကြီးမ​ဝေးပါဘူး။ ဘာလို့ အရမ်းကြာ​နေရတာလဲ? အုပ်​ချုပ်​​ရေးမှုးဆီမှာ သူ့ကို​ပြောရမဲ့ ဝင်​​ရောက်​စွက်​ဖက်​ထားတဲ့ ကိစ္စ​တွေအများကြီးရှိလို့လား?

ပြီး​တော့ ​ရှောင်​ယဲ့ ဖုန်းကိုမယူသွားဘဲ အ​ဆောင်​မှာပဲ ထားခဲ့တာ​ကြောင့်​ သူ့ကိုဆက်​သွယ်​ဖို့ နည်းလမ်းမရှိဘူးဖြစ်​​နေပြီ။

ဝမ်​ကျိုလုပ်​နိုင်​တဲ့တစ်​ခုတည်း​သောအရာက​တော့ ထိုင်​​ကာ ခဏ​လောက်​​စောင့်​ကြည့်​ဖို့ပင်​။ ဒါ​ပေမဲ့, သူခံစားချက်​သိပ်​မ​ကောင်းဘူး။

အရင်​တုန်းက, စီနီယာက ဝမ်​ကျိုဖြစ်​တဲ့သူ့ကို ယို့ရီလို့​ခေါ်တဲ့အိုမီဂါနဲ့ပတ်​သက်​ပြီး သတိထားသင့်​တယ်​လို့​ပြောဖူးသလိုပဲ, ပြီး​တော့ အဲ့ဒီ့အပြင်​ သူ့အတွက်​နဲ့ ကျိုး​ရွေးနဲ့လည်း ရန်​ဖြစ်​ခဲ့တယ်​........

အဲ့အ​ကြောင်းကိုစဉ်းစားကြည့်​လိုက်​ရုံနဲ့, သူ တကယ်​ပဲ ဒီအတိုင်းထိုင်​မ​နေနိုင်​​တော့ဘူး။ ဘာပဲဖြစ်​ဖြစ်​, သူ တစ်​ချက်​​လောက်​ ဆရာ​တွေအ​ဆောင်​ကိုသွားကြည့်​ရမယ်​။ တကယ်​လို့ အကုန်​အဆင်​​ပြေတယ်​ဆိုရင်​​တော့, အဲ့ဒါဆို သူ စီနီယာကို့ လမ်း​လျှောက်​ပြန်​လိုက်​ပို့ဖို့ အဲ့ကို​ရောက်​​နေပြီးသားဖြစ်​သွားမှာ။

အဲ့ဒါ​ကြောင့်​ ဝမ်​ကျို ထရပ်​ကာကုတ်​အင်္ကျီကိုဝတ်​လိုက်​ပြီး အပြင်​ကိုထွက်​လိုက်​​တော့သည်​။

ငါးမိနစ်​ကြာပြီး​နောက်​, ဝမ်​ကျို ​ဆရာ​တွေအ​ဆောင်​ဆီကို ​လေပြင်းလိုမျိုး အ​ပြေးအလွှားတစ်​ဟုန်​ထိုး ​ပြေးသွားလိုက်​သည်​။ စိတ်​ပူပန်​မှု​ကြောင့်​ သူ့နားသယ်​စပ်​မှာရှိတဲ့ ​သွေး​ကြော​တွေက အလွန်​အမင်းကို တဒုတ်​ဒုတ်​ခုန်​မြည်​​နေ၏။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now