Zawgyi
ညစဉ်ဆက်တိုက်, ရှောင်ယဲ့ ဝမ်ကျို့အိပ်ရာမှာပဲ အိပ်လိုက်သည်။ အဆောင်မှာရှိတဲ့ အိပ်ရာတွေက ပုံမှန်တစ်ယောက်အိပ်,အိပ်ရာထက်တော့ နည်းနည်းပိုကြီးတာကြောင့် နည်းနည်းတော့ကျပ်ကျပ်ညက်ညက်ဖြစ်နေပေမဲ့လည်း အဲ့ဒါက လူ၂ယောက်တော့ဆံ့ပါတယ်။ သည့်အပြင်, ဝမ်ကျိုက အမြဲတမ်း တစ်ညလုံးနီးပါး သူ့ကိုလက်မောင်းထဲမှာဖက်ထားတာကိုး။အခုတော့ သူ့မှာ ခဏတာအမှတ်အသားရှိနေတာကြောင့်
သူ ဆယ်ရက်လောက်တော့ အယ်လ်ဖာ pheromone တွေ, စိတ်မတည်ငြိမ်အတက်အကျပြောင်းလဲတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရမှာကို စိုးရိမ်စရာမလိုတော့ဘူး။ သို့ပေမဲ့လည်း သူ့ရဲ့ထိန်းချုပ်ပစ္စည်းကတော့ အကျိုးသက်ရောက်မှုမရှိသလောက်နီးပါးဖြစ်နေပြီ။ ရက်တွေကိုတွက်ချက်ကြည့်လိုက်တော့ စာသင်နှစ်အဆုံးလောက်နားမှာ ထိန်းချုပ်ပစ္စည်းက လုံးဝကို ဓာတ်ပျယ်သွားတော့မှာ။ အဲ့တာပြီးရင်တော့ ဘယ် ကိစ္စသေးသေးလေးကမဆို သူ့ရဲ့ တော်တော်ကြာတဲ့အထိ နောက်ကျနေခဲ့တဲ့ heat ကိုထကြွလာအောင် စနက်ပျိုးနိုင်တော့မှာ။ တကယ်လို့မျိုး သူ့အယ်လ်ဖာက အခုထိအဆင့်မဖြစ်သေးဘူးဆိုရင်တော့ သူ့မှာ အဲ့တာကို တစ်ရက်ထက်တစ်ရက် နောက်ကျအောင်လုပ်တာကလွဲပြီး ဘာရွေးချယ်မှုမှရှိတော့မှာမဟုတ်ဘူး။လူနည်းနည်းပါးပါးကသာ သူ့အမှတ်အသားကိုသတိပြုမိသွားသည်။ ပထမအနေနဲ့, သူတို့သာ ရှောင်ယဲ့ဆိုတဲ့သူ့အနား မကပ်လာဘူးဆိုရင် ဝမ်ကျို့ရဲ့ pheromone ရနံ့က သတိပြုမိဖို့တောင် အရမ်းကို အားပျော့လွန်းတယ်။ ပြီးတော့ ဒုတိယတစ်ချက်အနေနဲ့, လူအနည်းစုကပဲ သူ့အနားကပ်ရဲကြတာလေ။
"မင်းအနံ့က နည်းနည်းစိမ်းနေတယ်...."
အဲ့ဒါကိုပထမဆုံးရှာတွေ့သွားတဲ့ လူက လျို့ဟန်ပင်။ လျို့ဟန်ကတော့ အဲ့ဒါက ရှောင်ယဲ့ရဲ့ သူ့ကိုယ်ပိုင် အိုမီဂါအနံ့လေးပဲမဟုတ်ဘူးဆိုရင် အတည်ပြုဖို့ ရှောင်ယဲ့အနားကို ကပ်ကာကိုယ်ကိုကိုင်းလိုက်သည်။ တစ်ခဏလောက်ကြာတော့ ရှောင်ယဲ့ သူ့ရဲ့တံတောင်ဆစ်နဲ့ လျို့ဟန်ခေါင်းထိပ်ကို ထုထလိုက်သည်။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...