Zawgyi
အပိုချပ် အခန်း(၃) - Valentine's Day
ဒီနှစ် valentine's day တော့, ဝမ်ကျို ရုတ်တရက် ချောကလက်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်စိတ်ပေါ်လာတယ်။
တစ်မနက်ခင်းလုံး ဝမ်ကျို ဘာတွေရှုပ်ပွအောင်လုပ်နေလဲဆိုတာ ကြည့်ဖို့ ရှောင်ယဲ့က လက်ပိုက်ကာ မီးဖိုချောင်တံခါးဝမှာရပ်နေသည်။ မီးဖိုချောင်ကောင်တာလည်း ဝမ်ကျို မွှေနေရင်းစင်ထွက်သွားတဲ့ချောကလက်တွေကြောင့် အညိုရောင်အစင်းများဖြင့် ပေကျံနေ၏။ လက်ဖမိုးပေါ်မှာတောင် ဝမ်ကျို သတိမထားမိတဲ့ အစွန်းတွေတောင်ရှိနေသေး, အဲ့ဒါကြောင့် ဝမ်ကျို လက်ကိုမြှောက်ပြီး မျက်ခုံးကိုသုတ်လိုက်တဲ့အချိန်မှာ, ထင်ထားတဲ့အတိုင်း, သူ့မျက်နှာပေါ်မှာ အစွန်းကြီးစွန်းထင်းသွားသည်။ ဝမ်ကျိုက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လာသည်, "နောက်ဆုံးအဆင့်!ပုံစံခွက်ထဲကို လောင်းထည့်ရမယ်! အောင်မြင်တော့မယ်ဟေ့!"
"မင်းအခုဘာပုံစံပေါက်နေလဲဆိုတာ မင်းသိရဲ့လား?"
ရှောင်ယဲ့ မပြောမိအောင်မထိန်းထားနိုင်တော့ပေ။ဝမ်ကျိုက သူ့နဖူးတစ်ဝိုက်ကို ပွတ်သုတ်လိုက်ရင်း, မျက်လုံးတောက်တောက်များဖြင့်, "အရမ်းကိုမှအံ့သြဖို့ကောင်းတဲ့ အိမ်ရှင်ထီးလိုလား?"
"မဟုတ်ပါဘူး, သူ့သခင်ရဲ့နားရွက်ဆွဲတာကိုခံရပြီး ဆော်ပလော်အတီးခံရဖို့ ပြန်ခေါ်ခံရတော့မဲ့ ရွှံ့တွေပေကျံနေတဲ့အပြင် ကျယ်ကျယ်လောင်လောင် ဟောင်နေတဲ့ ခွေးရူးလိုမျိုး!"
ဝမ်ကျို ကတုန်ကယင်ဖြစ်သွားသည်, နောက်ဆုံးတော့ သူ အန္တရာယ်ရှိတဲ့အခြေအနေကိုရောက်ရှိနေပြီဆိုတာ သဘောပေါက်သွားသည်, "ကျွန်တော် ဒါတွေအကုန်လုံး ရှင်းလိုက်ပါ့မယ်!"
"ဆယ်မိနစ်နေရင် ငါ မင်းလုပ်ထားတာကို လာစစ်ဆေးမယ်, ပြီးတော့" ,ရှောင်ယဲ့ ပူပူနွေးနွေးပုံသွင်းခံထားရတဲ့ ချောကလက်ကို တစ်ချက်ကြည့်လိုက်ပြီး, " အဲ့ဒါက အရသာရှိရင်တော့ ပိုကောင်းမယ်, အဲ့လိုမဟုတ်ရင်တော့, ငါတို့အားလပ်ရက်ရဲ့ ဒီသုံးဖြုန်းခံလိုက်ရတဲ့အချိန်အတွက် မင်း ပြန်ပေးရလိမ့်မယ်"
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...