အခန်း(၅၆)/အခနျး(၅၆)

20.6K 2.6K 217
                                    

Zawgyi

ရက်​သတ္တပတ်ေ​တွရဲ့အလယ်​မှာ​တော့, တစ်​​နေ့လုံး, တစ်​ညလုံးကြာမြင့်​တဲ့ club cultural festival ရှိသည်​။ ဝမ်​ကျိုတို့ရဲ့ Astronomy Clubကလည်းပဲ ​ကျောင်းမှာရှိတဲ့ အမြင့်​ဆုံးအ​ဆောက်​အဦးရဲ့ ​ခေါင်းမိုးထပ်​​ပေါ်မှာ တယ်​လီစကုပ်​အများအပြားတပ်​ဆင်​ဖို့ ကြံရွယ်​ပြီး ကြယ်​စုံလှတဲ့ညအခါကို လာ​ရောက်​ဖို့ စိတ်​ဝင်​စားကြတဲ့​ကျောင်းသား​တွေကို ဖိတ်​​ခေါ်ကာ ပါဝင်​ဖို့စာရင်းသွားထား​၏။

သေ​လောက်​​အောင်​ပျင်း​နေပြီး club တိုင်းရဲ့ အဖွင့်​ဝင်​မဟုတ်​တဲ့ ​ရှောင်​ယဲ့က​တော့ ​စော​စောစီးစီး ​နေရာကိုခင်းကျင်းပြင်​ဆင်​ဖို့ဆိုတဲ့ သူ့အယ်​လ်​ဖာ​နောက်​ကိုလိုက်​​နေတယ်​။ သူက အ​လေးဆုံးပစ္စည်း​တွေကို လက်​တစ်​ဖက်​နဲ့မနိုင်​ပြီး သူ့ပုခုံး​ပေါ်ကိုလည်း ထမ်းသယ်​သွားနိုင်​တယ်​​လေ, သူ့အလုပ်​လုပ်​တဲ့အချိန်​မှာလည်း လုံးဝကို အားစိုက်​ထုတ်​ရခြင်း မရှိ​ပေ။

အမျိုးအစားတူတဲ့ပစ္စည်း​တွေကို ​ရွေ့​ဖို့အတူတူလာလုပ်​တဲ့ ဘီတာနှစ်​​ယောက်​လည်း သက်​ပြင်းမချဘဲမ​နေနိုင်​​တော့​ချေ။
"ဒါက တကယ့်​ကို 'အကြိမ်​တစ်​​ရာ​ပြောတာထက်​ တစ်​ခါ​လောက်​မြင်​လိုက်​ရတာက ပို​ကောင်းပြီးယုံကြည်​ရ​လောက်​တယ်​' ဆိုတာမျိုးကွ......."

ဒါ​ပေမဲ့ ​ရှောင်​ယဲ့က​​တော့ သူ့လက်​ရှိကိုယ်​ပုံပန်းသွင်​ပြင်​ကို လုံးဝ​မ​ကျေမနပ်​ဖြစ်​လို့​နေ၏။ ပစ္စည်း​တွေကို​ရွေ့ပြီးသွားတဲ့​နောက်​မှာ​တော့, ​ရှောင်​ယဲ့ ဝမ်​ကျို့ကို ဆွဲ​ခေါ်ကာ သူ့လက်​​မောင်းကြွက်​သား​တွေကို ကြည့်​ခိုင်းလိုက်​သည်​။

"ငါ့အတွက်​ ဒါ​လေးကြည့်​​ပေးစမ်းပါ, ဒီကငါ့ကြွက်​သွား​တွေက အရင်​ကလို မဟုတ်​​တော့သလိုပဲ? လက်​ညှိုးနဲ့ဆိတ်​လိုက်​တဲ့အချိန်​က ဘာလို့ နူးညံ့​နေသလိုဖြစ်​​နေတာလဲ?"

ဝမ်​ကျို ညင်​ညင်​သာသာ လက်​​မောင်းကိုညှစ်​လိုက်​ပြီး,
"မဖြစ်​ပါဘူး။ အရင်​ကနဲ့ အတူတူပါပဲ.....နူးညံ့သွားလည်း ကိစ္စမရှိပါဘူး, ​လေ့ကျင့်​ခန်းလုပ်​လိုက်​ရင်​ ပြန်​ထွက်​လာမှာပဲ​လေ"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now