Zawgyi
နောက်နေ့ မနက်စောစော ဝမ်ကျိုအိပ်နေတုန်းမှာပဲ ရှောင်ယဲ့ ကျောင်းအုပ်ချုပ်ရေး ရုံးခန်းကိုသွားလိုက်ပြီး အပြစ်လုပ်တဲ့လူကို ရှာဖို့ သူ့အဒေါ်ကို မနေ့က လေ့ကျင့်ရေးခန်းမရဲ့
အပြင်ဘက် စင်္ကြံလမ်းက CCTV ကို စစ်ဆေးခိုင်းလိုက်သည်။ကံဆိုးစွာနဲ့ပဲ စင်္ကြံလမ်းရဲ့ အလင်းရောင်က မှောင်နေတာ
ကြောင့် အချိန်အကြာပြီး သူ အဲ့တာကို ကြည့်နေတာတောင် မှုန်ဝါးနေတဲ့ ပုံရိပ်မည်းကိုပဲ မြင်ရတယ်။ မျက်နှာကလည်း လုံးဝကို ပုံဖမ်းလို့မရဘူး။ အဲ့တာကြောင့်မို့ ရှောင်ယဲ့ ရှာတွေ့မဲ့အချိန်ထိ အလျှော့ပေးလိုက်သည်။စုံစမ်းစစ်ဆေးတာက အရမ်းကြီးတော့ မအောင်မြင်သွားဘူး။ ရှောင်ယဲ့ သူ့ဒေါသတွေကို လျော့သွားအောင်
ဖိထိန်းချုပ်လိုက်ပြီး ခက်ထန်ကြမ်းတမ်းတဲ့ မျက်နှာထားနဲ့အတူ မနက်စာဝယ်ဖို့ ကန်တင်းကို ထွက်လာခဲ့လိုက်သည်။ သူ့အရှေ့က ကျောင်းသားလေးကတော့ ကြောက်လန့်နေ
ပြီး သူအဝေးကိုထွက်ပြေးသင့်သလားဆိုတာကို မသိတော့ပေ။"မင်းအလှည့်ရောက်ပြီ။ မြန်မြန်လုပ်"
ရှောင်ယဲ့ သူ့ကို သတိပေးလိုက်သည်။ထိုကျောင်းသားလေးခမျာ ကတုန်ကယင်ဖြစ်သွားရသည်။
"အန်-အန်-အန်တီ ကျွန်တော့်ကို အသားပေါက်စီ တစ်လုံးနဲ့
ကြက်ဥပြုတ်တစ်လုံးပေးပါ......."ရှောင်ယဲ့ အဲ့ကောင်လေးပြီးဖို့ စောင့်ရတာ စိတ်မရှည်တော့ပေ။ အဲ့တာကြောင့် အရှေ့ကိုတိုးလိုက်သည်။
"အန်တီ, အဲ့တာတွေကို တစ်ခုစီပေးပါ"အခုထက်ထိထွက်မသွားရသေးတဲ့ ကျောင်းသားလေးကတော့ အဲ့တာကိုကြားသွားပြီး ထိတ်လန့်သွားသည်။ ကန်တင်းမှာက မနက်စာအတွက် အစားအစာတွေ ဒါဇင်ပေါင်းများစွာရှိတယ်လေ။ သူတို့မှာ အကုန်လုံးရှိတယ်။ ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတဲ့ စားချင်စိတ်ကြီးလဲ........
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...