အခန်း(၃၅)/အခနျး(၃၅)

20.2K 2.8K 108
                                    

Zawgyi
ထို​နေ့ညက, ​ရှောင်​ယဲ့ အိပ်​၍မ​ပျော်​​ပေ။

အကြိမ်​​တော်​​တော်​များများအထိ, သူ့ကိုယ်​ခန္ဓာအတွင်းမှာရှိတဲ့ အုံထကြွလာ​ရေး​တေး​တေးဖြစ်​​နေတဲ့ heat ​ကြောင့်​ သူ့မှာနိုးနိုးလာရ​ပေမဲ့ သူနိုးသွားတဲ့အချိန်​တိုင်း, အဲ့ခံစားချက်​က ပါးလွှာတဲ့​လေထုအတွင်း ကွယ်​​ပျောက်​သွားတယ်​။

မနက်​​ရောက်​​တော့, ပင်​ပန်းနွမ်းနွယ်​​နေတဲ့မျက်​နှာထားနဲ့ သူ့မှာနိုးထလာရတယ်​။ ​ရှောင်​ယဲ့​ဘေးဘက်​ကိုကြည့်​​တော့ သူ့​ဘေးနားက လူက ထွက်​သွားပြီဆိုတာ ​တွေ့လိုက်​ရသည်​။ သူ ​အောက်​ထပ်​ကိုဆင်းလိုက်​​တော့, မနက်​စာထမင်းပွဲ​တွေကို သယ်​ထုတ်​​နေတဲ့ ဝမ်​ကျို့ကို ​တွေ့လိုက်​ရသည်​။

"ရွှဲကျန်း,​မောနင်း"
အမြဲတမ်းလိုမျိုး, ဝမ်​ကျိုက သိမ်​​မွေ့စွာပြုံးပြလာသည်​။

"​မောနင်း, မ​နေ့က မင်းဘာလုပ်​ခဲ့လဲဆိုတာ မင်းမှတ်​မိလား?"
ရှောင်​ယဲ့ မျက်​ခုံးကိုပင့်​ကာ​ပြောလိုက်​သည်​။

ဝမ်​ကျို့အပြုံးက ​အေးစက်​သွားသည်​,​နောက်​, မြန်​မြန်​ဆန်​ဆန်​ပင်​ မူလအ​ခြေအ​နေကို ပြန်​​ရောက်​ရှိသွားသည်​။
"ကျွန်​​တော်​ မမှတ်​မိဘူး, ကျွန်​​တော်​ မူး​နေခဲ့တာဆို​တော့"

ရှောင်​ယဲ့ နှာမှုတ်​လိုက်​မိသည်​။ ဒီ​ခွေးရူး​လေးရဲ့လိမ်​တဲ့စွမ်းရည်​က ​တကယ်​ကြီး ​တော်​​တော်​ညံ့တာပဲ။ သူ့ရဲ့မျက်​နှာအမူအယာရယ်​ ​ရှောင်​တိမ်း​နေတဲ့ မျက်​လုံး​တွေက သူ့ကိုလုံးဝကို သစ္စာ​ဖောက်​​နေပြီ။

"​ကောင်းပြီ​လေ, အဲ့ဒါဆိုရင်​ ရင့်​ကျက်​ပြီး လိမ်​နိုင်​ပါ​စေ"
ရှောင်​ယဲ့ သူ့ကို​အေးစက်​စက်​ကြည့်​​နေလိုက်​သည်​, သူ့ရဲ့မြင့်​တက်​လာတဲ့ ​ဒေါသက ​ပေါက်​ကွဲထွက်​လာ​တော့သည်​။
"​စောက်​ရမ်းဆိုးရွားတဲ့ဥပမာ​တွေက​နေ သင်​ယူမ​နေနဲ့။ ငါ့ကို ဒီ​နေ့စကားလာမ​ပြောနဲ့, မင်းဘာသာမင်း​နေ"

မ​နေ့ညကကျ​တော့ ငါ့ကိုဖိအား​ပေးပြီး ဒီ​နေ့ကျ​တော့ လိမ်​​နေတယ်​။ အဲ့ဒါဆို ငါလည်းဂရုစိုက်​မ​နေ​တော့ဘူး, အပြစ်​မ​ပေးပဲ အလိုလိုက်​လိုက်​ရ​အောင်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now