Zawgyi
အပိုချပ် အခန်း(၂) - အပိုင်း(၅)
ရှောင်ယဲ့ရဲ့ heat ဝင်သည့်အချိန်က မျှော်မှန်းထားသည်ထက် စောနေသည်။
နာရီပိုင်းအနည်းငယ်လောက်ပဲ အိပ်ရသေး, သူ့ခန္ဓာကိုယ်အတွင်းက အပူလှိုင်းလုံးတွေကြောင့် ရှောင်ယဲ့ နိုးသွားသည်။
ကံကောင်းသည်က, အစောတုန်းက သူလိုအပ်နေတဲ့ pheromone ပဏာမနဲ့နှိုင်းယှဉ်ရင် နည်းနေသေးတာကြောင့် သူ အခုတော့ အဲ့ဒါကို သည်းခံနိုင်နေသည်။ ရှောင်ယဲ့ အိပ်ခန်းတံခါးဝကို တစ်ချက်လှမ်းကြည့်လိုက်သည်, ကောင်းတယ်, တံခါးကပွင့်နေတယ်။ အဲ့ဒါကြောင့် ငါးစာကိုလာဟပ်မဲ့ တစ်ယောက်သောသူကို စောင့်ဖို့ ရှောင်ယဲ့ ပြန်လှဲချလိုက်သည်။
၁၀မိနစ်ခန့်စောင့်ဆိုင်းပြီးနောက်, ဧည့်ခန်းထဲကထွက်လာသည့် အပြေးအလွှားလာနေတဲ့ခြေသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ရှောင်ယဲ့, ရှောင်ယဲ့........ရှောင်ယဲ့", အမှောင်ထဲကနေ ဟောဟဲလိုက်အောင် အပြေးအလွှားလာခဲ့ရတာကြောင့် ဝမ်ကျို့ရဲ့ အသက်ရှူသံတွေက မတည်မငြိမ်ဖြစ်နေသည်။
ရှောင်ယဲ့ကတော့ မျက်လုံးကိုမှိတ်ကာ အိပ်ပျော်နေသလိုဟန်ဆောင်ရင်း အသံတစ်သံမှမထွက်အောင် ပါးစပ်ကိုပိတ်ထားသည်။ ရှောင်ယဲ့ မျက်မှောင်ကြုတ်လိုက်ပြီး အိပ်မက်ထဲမှာ နာကျင်ခံစားနေရသလိုမျိုး မျက်နှာထားပုံစံလုပ်လိုက်တယ်။
ဝမ်ကျို အိပ်ရာခေါင်းရင်းကို တိုးသွားပြီး မီးအိမ်လေးကို ဖွင့်လိုက်သည်။ သူ့နှာခေါင်းထဲကို တိုးဝင်လာတဲ့ pheromone ရနံ့တွေက ပိုပြီးများပြားလာပြီး သူ့ရင်ဘက်ထဲက သူ့နှလုံးအိမ်ကလည်း ပြင်းပြင်းထန်ထန် ခုန်ပေါက်နေ၏။ သူ့အိုမီဂါလေးရဲ့မျက်ခုံးကို ဖြေလျော့ပေးချင်တာကြောင့် လက်မြှောက်လိုက်ပေမဲ့ ရုတ်တရက် ရှောင်ယဲ့ရဲ့ ထိတွေ့ခြင်းကိုတားမြစ်ထားသည့်အပြစ်ဒဏ်ကို ဝမ်ကျို သတိရသွားပြီး ရှောင်ယဲ့ပေါ် လက်တစ်ချောင်းတောင် မချရဲတော့ပေ။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...