Zawgyi
ညနေခင်းကပွဲက ကျောင်းတည်ထောင်ခြင်းနှစ်ပတ်လည်ကျင်းပပွဲအတွက် အကြီးကျယ်ထည်ဝါပြီးအခန့်ညားဆုံး အခမ်းအနားတစ်ခုပဲ။ အဆင့်အတန်းတွေကို ဂရုမထားဘဲ ဋ္ဌာနအားလုံး အတူတကွ စုစည်းလိုက်သည်။ ကျောင်းသားတွေကတော့ ဟောခန်းထဲမှာ (ဒါမှမဟုတ်ရင်) ဆက်ထားတဲ့ အပြင်ဘက်က ကွင်းကျယ်ထဲမှာ ပျော်ပျော်နေလို့ရသည်။ တိတ်ဆိတ်တာကိုကြိုက်တဲ့လူမျိုး နဲ့ သူတို့မိဘတွေနဲ့ပဲ အတူတူနေချင်တဲ့လူတွေကတော့ အပြင်ဘက်ကိုပဲ အမြဲလိုလိုရွေးချယ်လေ့ရှိကြပြီး သူတို့ရဲ့အကစွမ်းရည်ကိုပြချင်တဲ့လူဖြစ်ဖြစ်၊ သူတို့ရဲ့ relationship ကိုပြချင်တဲ့ လူတွေကတော့ ကပွဲဟောခန်းကိုပဲ ရွေးချယ်ကြသည်။တကယ်ဆို ဖြစ်နိုင်ရင်တော့ ရှောင်ယဲ့ တကယ်ပဲလုံးဝကို ထွက်သွားချင်နေပေမဲ့လည်း ကြွားဝါတာကိုကြိုက်တဲ့ ကျိုးရွေးလို့လူမျိုးကတော့ ရန်ဖြစ်မခံဘဲနဲ့ မီးအလင်းရောင်တွေနဲ့တောက်ပနေတဲ့ ဟောခန်းထဲကို သူ့ကိုခေါ်ဆောင်သွားသည်။
ကပွဲမစခင် တစ်နာရီကျော်ကြာတဲ့အထိ ကျိုးရွေးကို အင်္ကျီရွေးဖို့ သူကူညီပေးနေခဲ့ရတာ။ ရှောင်ယဲ့ကတော့ ယောက်ျားဆန်ဆန်တောင့်တောင့်ဖြောင့်ဖြောင့် လူမျိုးက fashion နဲ့ပတ်သတ်ပြီး ဘာလို့ အချိန်တွေအများကြီး
ဖြုန်းနေလဲဆိုတာ နားမလည်နိုင်ဘူး။သူကတော့ မနှစ်က ရှုချင်က သူမရဲ့ ကပွဲပါတနာဖြစ်ဖို့အတွက် ဝယ်ပေးထားတဲ့ ခန္ဓာကိုယ်ကိုကျစ်လျစ်ပြီး ကွက်
တိဖြစ်စေတဲ့ အနောက်တိုင်းပုံစံ ဝတ်စုံကိုသာ ဒီအတိုင်း ဝတ်လိုက်သည်။
အဲ့အင်္ကျီကသူ့ရဲ့ခါးကျင်းကျင်းနဲ့ ရှည်လျားတဲ့ခြေထောက်တွေကို အသားပေးဖော်ပြလိမ့်မယ်ဆိုပြီးလည်း ပြောသေးသည်။ ရှောင်ယဲ့ အဲ့တာကိုတော့ အရမ်းကြီးစိတ်ထဲမထားခဲ့ဘူး။ သူကတော့ အဲ့တာက ဒီအတိုင်းပဲ ဝတ်ရတာ အဆင်ပြေပြီးသက်တောင့်သက်သာဖြစ်တယ်လို့ပဲ ခံစားရတယ်။ အဲ့တာကြောင့် ဒီနှစ်လည်း အဲ့တာကို သူထပ်ဝတ်မလို့။ နောက်တစ်ကြိမ်ထပ်ပြီး တစ်ခုခု ဝယ်ရမှာကို သူအရမ်းပျင်းတယ်။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...