Zawgyi
ညနက်လာချိန်မှာတော့ အခန်းတွင်းရှိ pheromone တွေ ကွယ်ပျောက်သွားကြပြီ။"မင်းလုပ်လိုက်တာ ဘာမှားလဲဆိုတာ မင်းသိလား?"
ဝမ်ကျိုက အိပ်ရာဘေးနားက ကြမ်းပြင်ပေါ်မှာသေသေချာချာကို ဒူးထောက်နေ၏။ အားမပါတဲ့အသံနဲ့ပြန်ဖြေလိုက်သည်။
"ကျွန်တော် သိပါတယ်။ ကျွန်တော် ရွှဲကျန်းကို ထိန်းချုပ်ပစ္စည်းအကြောင်း ဖုံးမထားသင့်ဘူး......"ရှောင်ယဲ့ မျက်ခုံးပင့်လိုက်မိတယ်။
"သွားစမ်းပါ, ဘယ်သူကအဲ့လိုပြောလို့လဲ။ ဘာလို့ မနားတမ်းဆက်လုပ်ပြီး မရပ်ရတာလဲ?"(T/n ယူတို့တော့မသိ အိုင်တော့ အကျယ်ကြီးအော်ရယ်လိုက်မိပြီ)
ကောင်းကင်ကြီးလုံးဝပိန်းပိတ်မှောင်သွားသည်အထိ,
ခုဏကလေးတင်တိုင်အောင် သူတို့တွေ အိပ်ရာပေါ်မှာ အတော်ကြာ ချစ်တင်းနှောနေခဲ့တာ။ သူ့မှာ သနားဖို့ကောင်းအောင် အရမ်းကိုမှခြေကုန်လက်ပန်းကျနေပြီး အားနည်းချိနဲ့သွားလို့ ခြေလက်ဆေးကြောဖို့ ဝမ်ကျို့ကို သူ့ကို့ချီမခွင့်ပေးလိုက်ရတယ်။သူ့တစ်ကိုယ်လုံး ပျော့ခွေသွားပြီး သေနေသလိုမျိုး အပြင်ကိုသယ်ထုတ်ခံဖို့လိုအပ်တဲ့အထိ လမ်းတစ်ဝက်မှာတင် တစ်နာရီကျော်လောက် ကြွေပြားပေါ်မှာ ဖိကပ်ထားခံရလိမ့်မယ်လို့ ဘယ်သူကခံမှန်းမိမှာလဲ။ အဲ့ဒါကြောင့်ပဲ, သူ့မှာ ဝမ်ကျို့ကိုသူ့ကို ထမင်းကျွေးခွင့်လက်ခံပေးဖို့လည်း အတင်းဖိအားပေးခံလိုက်ရပြန်တယ်။အခုတော့, ညတော်တော်လေးနက်နေပြီ။ heat ဖြစ်နေတဲ့ အိုမီဂါတစ်ယောက်ရဲ့ အံ့သြစရာကောင်းလောက်တဲ့ဒူပေနာပေခံနိုင်မှုကိုပဲ ကျေးဇူးတင်ရမယ်။ ရှောင်ယဲ့ အားနည်းနည်းပြန်ရသွားတာကြောင့် ဝမ်ကျိုအိပ်ချင်လို့ အိပ်ရာဝင်ချင်တဲ့အချိန်ကျ ရှောင်ယဲ့ သူ့ကိုကန်ချနိုင်ခဲ့တာလေ။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...