အခန်း(၄၂)/အခနျး(၄၂)

23.1K 2.7K 143
                                    

Zawgyi

PG-18, A little bit warning but i'd already knew you guys will read this whether you're completed the age limitation or not. But read at your own risk. I don't accept rude comment about my shaowang. Thanks.

သူတို့လာခဲ့တဲ့အတိုင်း, သူ​တို့​တွေ အိမ်​ကိုလမ်း​လျှောက်​ပဲပြန်​လိုက်​တယ်​။ ​နောက်​ဆုံး​တော့, အိမ်​တံခါးကို သူတို့​နောက်​မှာပိတ်​ချန်​ထားနိုင်​ခဲ့ပြီ။

ရှောင်​ယဲ့ လက်​ကိုဆန့်​ထုတ်​လိုက်​ပြီး တင်းမာ​နေတဲ့ဝမ်​ကျို့ရဲ့မျက်​နှာ​လေးကို ဆွဲညှစ်​လိုက်​သည်​။
"အခု​လေးတင်​, အရမ်းအရမ်းကိုမှ ရက်​စက်​တတ်​တယ်​​ပေါ့။ မင်း​ကြောင့်​ ငါ့မှာအဲ့​နေရာမှ လန့်​သွားရတာပဲ"

ဝမ်​ကျို့မျက်​နှာထားက ချက်​ချင်းကိုပင်​ နူးညံ့​ပျော့​ပြောင်းသွား​တော့သည်​။
"​တောင်းပန်​ပါတယ်​......ကျွန်​​တော်​ စိတ်​လိုက်​မာန်​လုပ်​လိုက်​မိတယ်​"

"မင်း​ပြောတာ ဘာတစ်​ခုမှမမှားဘူး​"
ရှောင်​ယဲ့ ကုတ်​အင်္ကျီနဲ့လည်​စည်းပဝါကိုဖယ်​လိုက်​ပြီး စင်​မှာချိတ်​ကာ ပြန်​လှည့်​၍ ဝမ်​ကျို့အတွက်​ သူ့လက်​​တွေကို ဆန့်​ကားဖွင့်​​ပေးလိုက်​သည်​။

"ကျိန်း​သေကို ငါက မင်းအပိုင်​​လေ။ ဒီကိုလာပြီး မင်းရဲ့အိုမီဂါ​လေးကို ဖက်​​ပေးပါဦး"

ဝမ်​ကျို့ရဲ့နားရွက်​ထိပ်​ဖျား​လေး​တွေက​တော့ အနီ​ရောင်​မြန်းသွားပြန်​၏။ ဝမ်​ကျိုက နာနာခံခံနဲ့​သူ့ဆီ​လျှောက်​လာပြီး သူ့ကို​ပွေ့ဖက်​ကာ အနားနားကပ်​၍တီးတိုး​ပြော၏,
"ရွှဲကျန်းက ကျွန်​​တော့်​ကိုအလိုလိုက်​တာလား?"

"ဘာကိုလဲ?"

"ဘာမှ​တော့မဟုတ်​ပါဘူး, အဲ့ဒါက, ဒီရက်​​တွေအတွင်း ကျွန်​​တော်​ ​ပျော်​လွန်းလို့​သေပြီလို့​တောင်​ကျွန်​​တော်​ ထင်​​နေမိလို့.........ကျွန်​​တော်​ တစ်​ခါတစ်​​လေ ​တွေးမိတယ်​, ငါတကယ်​ပဲအိပ်​မက်​မက်​​နေတာမဟုတ်​ဘူးလားလို့?"

ရယ်​ချင်​စရာ​လေးလို့​ရှောင်​ယဲ့​တွေးလိုက်​မိပြီး, ​ခြေဖျား​ထောက်​ကာ ဝမ်​ကျို့ရဲ့​အောက်​နှုတ်​ခမ်းဖျား​လေးကို ကိုက်​ထလိုက်​သည်​။
"နာလား?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now