Zawgyi
သူ့heat ကျော်လွန်သွားပြီဆိုတာက ရှောင်ယဲ့ရဲ့မွေးနေ့က မြန်မြန်ဆန်ဆန်နီးကပ်လာပြီဟု အဓိပ္ပါယ်သက်ရောက်သည်။ တကယ်တော့, သူ့ရဲ့၁၈နှစ်ပြည့်မွေးနေ့မတိုင်ခင် တစ်လ, နှစ်လလောက်အလိုက ရှောင်ယဲ့ ထိန်းချုပ်ပစ္စည်းကို စသုံးခဲ့တာ။ဝမ်ကျိုလည်းအချိန်အတိအကျကိုသိပြီးသားဖြစ်သည်။ ရှောင်ယဲ့တွေးလိုက်မိတာကတော့ ဝမ်ကျိုက သူ့လက်ဆောင်ကို စပရိုက်လုပ်ဖို့ရည်ရွယ်ထားတယ်ပေါ့, ဒါပေမဲ့ သူ တကယ်ပဲ လိမ်တောင်မပြောနိုင်ဘူး။
"စီနီယာ, အခုတလော စီနီယာသွားချင်တဲ့နေရာတစ်နေရာရာများရှိလား?" လို့ မပွင့်တပွင့်နဲ့မေးတဲ့အချိန်မှာတောင်မှ, သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့ သူ့မျက်နှာထားက သူ့ကိုသေသေချာချာကို ရောင်းစားသွားတာပဲ။ရှောင်ယဲ့စိတ်ထဲမှာပျော်နေမိတယ်ဆိုပေမဲ့ အဲ့ဒါကိုတော့ လက်မလွှတ်လိုက်ပါဘူး။အများကြီးမတွေးထားသလိုမျိုး, ရှောင်ယဲ့ အဲ့နေရာတွက်တဲ့နေရာမှာအချိန်အများကြီး မကုန်အောင် မြို့ထဲမှာရှိတဲ့ နာမည်ကြီးသည့်ဒိတ်လို့ကောင်းမဲ့နေရာတစ်ချို့ကို စာရင်းရေးချလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း, နောက်ရက်နည်းနည်းကြာတဲ့အခါ, ဝမ်ကျိုက သူကစားကွင်းလက်မှတ်နှစ်စောင်ဝယ်ထားတယ်လို့ပြောပြီး ရှောင်ယဲ့ကို ရှောင်ယဲ့မွေးနေ့မှာသူနဲ့အတူသွားဖို့ အားရဲ့လားလို့မေးသေးသည်။
ငါအားတာလား? သူ့ရဲ့အယ်လ်ဖာက သူ့မွေးနေ့ကို ရိုမန့်တစ်ဆန်ဆန်ကျင်းပချင်နေတာပဲ။
ဖန်တီးနိုင်စွမ်းက နည်းနည်းတော့မပြောင်မြောက်ဘူးဆိုသော်ငြားလည်း, သူ့အနေနဲ့အဲ့ကစားကွင်းကို ကလေးအနေနဲ့မရေမတွက်နိုင်အောင် သွားဖူးခဲ့တယ်ဆိုရင်တောင်မှ, အဆုံးသတ်ရောက်ရင်တော့ သူ ကျိန်းသေကို ဝမ်ကျိုနဲ့လိုက်ရမှာပဲ။
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...