Zawgyi
ရက်ပေါင်းတော်တော်လေး ကုန်သွားခါမှပဲ ရှောင်ယဲ့ရဲ့ ပထမဆုံး heat က နောက်ဆုံးတော့ ကောင်းကောင်းလေးအဆုံးသတ်သွားတဲ့ပုံပဲ။ ခေါင်းအစခြေဖျားတစ်ဆုံး မင်္ဂလာရေစင်ဖြန်းပက်ခံရပြီးနောက်, သူ့ဆီမှာ အတွင်းရောအပြင်ပါ ဝမ်ကျို့ရနံ့ပဲ အနံ့ထွက်နေတော့သည်။ သူတို့နှစ်ယောက်ထံမှာ bond ဖြစ်တည်သွားပြီဆိုတာ ကြေညာလို့နေသည်။သနားစရာကောင်းလှသည့် ပါးပါးကျန့်ကတော့ သူ့သား သေသေချာချာနဲ့ လုံးဝပြီးပြည့်စုံစွာ အစားခံရပြီးသည့်အထိ ဒီလုံးဝမထင်မှတ်ထားတဲ့ဖြစ်ရပ်ကို မသိပေ။
"ဘာ???!!!!!"
ရှောင်ယဲ့ဖုန်းကို နည်းနည်းဝေးဝေးမှာထားပြီး ကိုင်လိုက်သည်, "ပါး, ကျွန်တော် နားကန်းတော့မယ်, နည်းနည်းတိုးပါဦး"
"တစ်ယောက်ယောက်က ငါ့သားကို အိပ်ရာပေါ်ခြေတော်တင်လိုက်တာကို ငါကဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ"
"Tsk, အိပ်ရာပေါ်ခြေတော်တင်တာ အဖေ့သားဆိုတာ သိသာနေတာကို"
ရှောင်ယဲ့ မဲ့ပြုံးပြုံးလိုက်ရင်း သူ့မိန်းမရဲ့အဖေအော်ဟစ်သံကြောင့် ကြောက်ပြီးကတုန်ကယင်ဖြစ်နေတဲ့ ဝမ်ကျို့ကို လှမ်းကြည့်လိုက်သည်။"မင်း ပါးကိုစကားပြောချင်လား?"
သူ့ရဲ့ရက်စက်အကြမ်းကြုတ်ဆုံး ရန်သူကို သူရင်ဆိုင်ရတော့မလိုမျိုး ဝမ်ကျိုက ရုတ်တရက် ကြည့်လာ၏။ သူ ကြောက်ကြောက်ရွံ့ရွံ့နှင့် စပီိကာဖွင့်ထားတဲ့ဖုန်းကို လက်နှစ်ဖက်နဲ့ ယူလိုက်သည်။
"ဦးလေး"
ရှောင်ယဲ့ ဝမ်ကျို့ကို ကန်ထလိုက်တယ်။
"မင်း ပါးကို ဘယ်လိုခေါ်ရမှာလဲ?"ဝမ်ကျို မြန်မြန်ဆန်ဆန်ပဲ အမှားကိုပြန်ပြင်လိုက်သည်။
"ပါး!"ပါးပါးကျန့်ကတော့ ရယ်ရမလား, ဒေါသထွက်ရမလားဆိုတာတောင် မသိတော့ဘူး။
"မင်းတို့ လူငယ်တွေကလေ အရမ်းမြန်တာပဲ,ဟုတ်တယ်မလား? မင်း ငါ့သားကိုတကယ်ကြိုက်မှန်းငါသိပါတယ်။ ပြီးတော့ ငါမင်းကို အထင်လည်းကြီးပါတယ်ကွ, ဒါပေမဲ့ ဒါက အရမ်း ရုတ်တရက်ဖြစ်လွန်းတယ်။ ငါ ဒါကို ဘယ်လိုလက်ခံရမလဲဆိုတာတောင် မသိတော့ဘူး......ဒါက သူတို့ခေါ်တဲ့ 'အရင်ခေါင်းဖြတ်ပြီးမှ ဖလားဆုကိုတင်ပြလိုက်ပါ' ဆိုသလိုဖြစ်နေပြီ"
![](https://img.wattpad.com/cover/224080976-288-k105535.jpg)
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...