Zawgyi
နောက်တစ်နေ့သည်ပင် စနေနေ့သို့ရှောက်ရှိနေပြီဖြစ်သည်။ ရှောင်ယဲ့ရဲ့ပါးက အလုပ်ခရီးကနေပြန်လာရောက်
ပြီး သူသည်လည်း သူ့ပါးပါးကို အိမ်ပြန်ပြီးထမင်းအတူတူစားမယ်လို့ အရင်က သဘောတူပေးလိုက်မိသည်။
ရှောင်ယဲ့အနေနဲ့ အခုမှ သူ့ရည်းစားလေးနဲ့ ချစ်သူဆက်ဆံရေးကိုတည်ဆောက်ကာစပဲရှိသေးတာကြောင့် နည်းနည်းတော့ အင်တင်တင်ဖြစ်မိသော်ငြားလည်း သူ့ချစ်သူလေးက တော်တော်လေးကို စဉ်းစားတတ်တာကြောင့် အဲ့အကြောင်းကို သူလည်းသိရော သူအိမ်မပြန်တော့ဘူးလို့ ပြောလေသည်။အိမ်မပြန်ခင်မှာ ရှောင်ယဲ့သူ့ကို "ငါ့vid chat ကိုစောင့်နေ" လို့ပြောလိုက်တော့ ဝမ်ကျိုက ချက်ချင်းကိုပဲ တောက်တောက်ပပပြုံးလာပြီး "ဟုတ်ကဲ့!"လို့ပြန်ဖြေလေသည်။
အိမ်ကိုပြန်ရောက်တော့ ပါးပါးကျန့်က သူ့ကို ထမင်းဟင်းနဲ့ တည်ခင်းဧည့်ခံ၏။ ထမင်းစားလို့ပြီးတော့ ရှောင်ယဲ့ သူ့အိပ်ယာပေါ် ပစ်လှဲလိုက်ပြီး အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ဝမ်ကျို အဆောင်ကိုပြန်ရောက်ကောင်းပြန်ရောက်နေလောက်ပြီဆိုတာ သတိပြုမိသွားပြီး သူ video call ခေါ်လိုက်သည်။ ဝမ်ကျိုက ခပ်မြန်မြန်ပဲ video call ကို ကိုင်လိုက်ပေမဲ့ နောက်ခံအသွင်အပြင်ကတော့ သူတို့ရဲ့အဆောင်ခန်း မဟုတ်ပေ။
"မင်းဘယ်မှာလဲ"
ရှောင်ယဲ့ ဖုန်းမှာပေါ်နေတဲ့ မှောင်မဲနေတဲ့ နောက်ခံရှုခင်းကို
ကြည့်လိုက်ပြီး မေးလိုက်သည်။ဝမ်ကျို့ရဲ့မျက်နှာလေးကတော့ ရှင်းရှင်းလင်းလင်းကိုလင်းလက်နေသည်။
" Astronomy Clubမှာ, ဒီနေ့ည ကြယ်ပျံမိုးရွာမယ်ဆိုပြီး ဥက္ကဋ္ဌက အကုန်လုံးကို အတူတူကြည့်ရအောင်ဆိုပြီးခေါ်ထားလို့"ကျောင်းကပွဲနေ့က ဝမ်ကျို Astronomy Clubရုံမှာ နေရတာကို ရှောင်ယဲ့ မှတ်မိသွားသည်။ သူ့ ကလပ် လှုပ်ရှုးမှုတော်တော်များများနဲ့ ပတ်သတ်ပြီး ဝမ်ကျို့ကို ရှောင်ယဲ့ ဘယ်တုန်းကမှမမေးဖူးပေ။ ဒါပေမဲ့ အခုတော့ သူ့ တက်တက်ကြွ
ကြွကို စိတ်ဝင်စားနေမိပြီလေ။
"မင်း ကြယ်တွေကြည့်ရတာ ကြိုက်လား?"
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...