Zawgyi
အပိုချပ် အခန်း(၁) - အပိုင်း (၃)
Mature alter - PG18
ဒီ "လောင်ကုန်း" ဆိုသည့်ခေါ်သံကြောင့် ဝမ်ကျို့ဝိဥာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးသွားသည်။ အိမ်ပြန်လမ်းတစ်လျှောက်, ဝမ်ကျို ဘာမှမလုပ်ဘဲ တစ်ချိန်လုံး ရူးကြောင်ကြောင်ဖြင့် တခစ်ခစ်ရယ်နေ၏။ တကယ်လို့ ရှောင်ယဲ့သာ အိုမီဂါမဟုတ်ဘူးဆိုရင်, ဘေးနားကဖြတ်သွားတဲ့လူတွေကတော့ ရှောင်ယဲ့ကပဲ စိတ်မနှံ့ကျပ်မပြည့်တဲ့ လူတစ်ယောက်ကို လူကုန်ကူးဖို့ ပြန်ပေးဆွဲနေတယ်လို့ ထင်သွားမှာကို ရှောင်ယဲ့ စိုးထိတ်မိသွားသည်။
သူတို့အိမ်ပြန်ရောက်ပြီး ရှောင်ယဲ့ တံခါးကိုဖွင့်ဖို့ သော့လှည့်ပြီးတာနဲ့, *ဘန်း* ဆိုတဲ့ အသံကျယ်ကြီးကို သူကြားလိုက်ရသည်။ ထိုဆူညံသံနှင့်အတူ ရောင်စုံဖဲပြားပန်းဆိုင်းတွေက အပေါ်ကနေကျလာကာ အစောကတည်းက အိပ်ရာဝင်သွားသင့်တဲ့ ဝမ်စုံတွဲက party popper တွေကိုကိုင်ထားရင်း သူတို့ကို ရယ်နေတော့သည်။
ဖဲပြားပန်းဆိုင်းတွေနှင့် ပက်ဖျန်းခံလိုက်ရသည့် ရှောင်ယဲ့: “……”
ရှောင်ယဲ့ဆီက စကားတစ်ခွန်းမှထွက်မလာတာကို ဝမ်စုံတွဲ တွေ့လိုက်ရသည်နှင့် သူတို့ရဲ့အပြုံးတွေက တဖြည်းဖြည်း တောင့်ခဲသွားပြီး သူတို့သားကို ကြောက်လန့်တကြားလှမ်းကြည့်လိုက်သည်: ကျရှုံးသွားတာလား?
ဝမ်ကျို မကူနိုင်မကယ်နိုင် ရယ်မောလိုက်ပြီး,
"အမေနဲ့အဖေရာ, ကျွန်တော် အမေတို့ကို ဒီလိုမျိုးမလုပ်ဖို့ ပြောထားတယ်လေ" , ဟုပြောကာ ဝမ်ကျို ရှောင်ယဲ့ဘယ်ဘက်လက်ကို မြှောက်ကာ သူ့မိဘတွေကို ရှောင်ယဲ့ ဝတ်ထားတဲ့လက်စွပ်လေးကို ပြလိုက်သည်။ထိုအသက်ကြီးစုံတွဲက စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး video call တစ်ဖက်မှာရှိနေသည့်လူကို ဖြစ်စဉ်အား သတင်းပေးဖို့ရန်အတွက် ခပ်မြန်မြန် ဖုန်းကို မလိုက်ပြီး, "ယောက္ခမကြီးရေ, ပြီးသွားပြီဟေ့, ပြီးသွားပြီ!"
YOU ARE READING
ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]
RomanceStatus: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh! My Dear Alpha My update will be in weekdays! I cherish this novel so much. So, I want to translate...