အခန်း(၁၈)/အခနျး(၁၈)

17.2K 3K 63
                                    

Zawgyi
ဝမ်​ကျို ကျင်းပတဲ့​နေရာကို ​ရောက်​သွား​တော့ ကပွဲက စ​တောင်​စနှင့်​ပြီး​နေပြီ။ ခုဏတုန်းက ​ရှောင်​ယဲ့​ပြောခဲ့တဲ့ ​နောက်​ဆုံးစာ​ကြောင်းက ဘာကိုဆိုလိုချင်​မှန်း ဝမ်​ကျို နားမလည်​ဘူး။ အဲ့ဒါ​ကြောင့်​မို့ သူလုပ်နိုင်​တာက​တော့ နာနာခံခံနဲ့ ​ရှောင်​ယဲ့ကို လိုက်​ရှာတာပဲရှိ​တော့တယ်​။

ဝမ်​ကျို ​ဟောခန်းမနဲ့အပြင်​ဘက်​ကို ခဏခဏ ပတ်​​လျှောက်
ကြည့်​​နေ​ပေမဲ့ ဘယ်​လိုမှကို ​ရှောင်​ယဲ့ပုံစံကို သူ မ​တွေ့ဘူး။

ရွှဲကျန်းက အခုထိမ​ရောက်​​သေးတာလား? ဒါမှမဟုတ်​ သူ ကျိုး​ရွေး​နဲ့အတူ ထွက်​သွားတာလား?

ဆောင်းဦးရာသီဥဖြစ်​တာ​ကြောင့်​ နည်းနည်း​အေး​နေပြီဖြစ်​သည်​။ ​ဆောင်းဦး​လေ​ပြေက ​ကြွေကျလာတဲ့ သစ်​ရွက်​​တွေကို တရှဲရှဲမြည်​​အောင်​ တိုက်​​နေ​တော့သည်​။ ဝမ်​ကျိုရဲ့ မှိန်​​နေပြီဖြစ်​တဲ့ အညို​ရောင်​သမ်း​နေတဲ့ အစိမ်း​ရောင်​မျက်​လုံး​တွေက အ​ဝေးကို အာရုံစိုက်​ခြင်းမရှိဘဲ လွင့်​​မျော​နေသည်​။ သူ ဘယ်​သွားရမလဲ ဒါမှမဟုတ်​ ဘာလုပ်​ရမလဲဆိုတာ​တောင်​ မသိ​တော့​ပေ။တစ်​​ယောက်ကိုတစ်​​ယောက်​ ဆုပ်​ကိုင်​ထားရင်း သူ့ကိုဖြတ်​​လျှောက်​သွားတဲ့ အတွဲ​တွေကလည်း သူ့​ဘေးပတ်​လည်​မှာပင်​။

"ဝမ်​ကျို!"

ရုတ်​တရက်​ သူ့နာမည်​ကို တစ်​​ယောက်​​ယောက်​​ခေါ်​နေတာကို ကြားလိုက်​ရတာ​ကြောင့်​ ဝမ်​ကျို ​ဘေးကိုလှည့်​လိုက်​ပြီး ကြည့်​လိုက်​သည်​။ အဲ့တာက ရှုချင်​ပဲ။

ရှောင်​ယဲ့ရဲ့ အတန်း​ဖော်​​တော်​​တော်​များများနဲ့ သူရင်းနှီးတာ​ကြောင့်​ ဝမ်​ကျို ချက်​ချင်းပဲ ပြန်​​အော်​လိုက်​သည်​။
"​ဟေး! ရှုကျဲ"

ရှုချင်​ ဒီရွှယ်​ဒီ​လေးကို ​တော်​​တော်​​လေး အမြင်​ကြည်​တယ်​။
ဝမ်​ကျို ​ရှောင်​ယဲ့ကို ကြိုက်​​နေတာလည်း သူမ သိတာ​နေတာ​ကြောင့်​မို့ သူ​ရောက်​လည်း​ရောက်​လာ​ရော သူမ ရယ်
ပြီး​တော့ ​ပြောလိုက်​သည်​။
"မင်း ရွှဲကျန်းကို ကဖို့​ခေါ်မလို့လာတာလား? ဘာလို့ မင်းဝတ်​စုံလဲမလာတာလဲ?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now