Part 1

60.8K 2K 46
                                    

Unicode

"သူလာပြီ~သူလာပြီ!!!"

ဝန်ထမ်းမလေးတစ်ယောက်က ဆိုင်အတွင်းကို အမောတကောပြေးဝင်လာရင်းပြောတော့ မန်နေဂျာမက စနစ်တကျရပ်နေသည့် သူ့ဝန်ထမ်းတွေကို အထက်အောက်စေ့စပ်သေချာစွာ တစ်ချက်ကြည့်ကာ အသင့်နေနေဖို့ လက်လှမ်းပြလိုက်သည်။

"အားချွမ်း~ ဒီနေ့ကမင်းတာဝန်ကျတဲ့နေ့မဟုတ်လား?"

"ဟုတ်...ဟုတ်ကဲ့! ဒါ...ဒါပေမဲ့ အစ်မ~"

မန်နေဂျာအစ်မက သက်ပြင်းချလိုက်ပြီး

"အဆင်ပြေမှာပါ~ အရမ်းကြီးကြောက်မနေနဲ့ ဟုတ်ပြီလား!? သူပြခိုင်းတာကိုပြပေးလိုက် သူမေးလို့ရှိရင်လည်း ခပ်သွက်သွက်ပြန်ဖြေပေးရင်ရပြီ!"

"ဒါ...ဒါပေမဲ့..."

အားချွမ်းက တုန်ယင်နေတာကြောင့် သူလက်ထောင်ပြရင်း ရှေ့ထွက်လိုက်သည်။

"ကျွန်တော်လိုက်ပြပေးလိုက်မယ်~ ခုနက သူပြောတာကြားတယ်~သူဒီနေ့နေလို့သိပ်မကောင်းဘူးတဲ့!"

မန်နေဂျာက သူ့ဘက်လှည့်လိုက်ကာ~

"မင်းဒီနေ့မှ အလုပ်ဆင်းတာလေ! တစ်ခုခုမှားသွားတာနဲ့ ချက်ချင်း အလုပ်ပြုတ်သွားနိုင်တယ်! ဒါကို မင်းမစိုးရိမ်ဘူးလား?"

သူတစ်ခုခုပြန်မပြောလိုက်နိုင်ခင် လူတစ်ယောက်ဝင်လာတာကြောင့် မန်နေဂျာကအစ ဝန်ထမ်းလေးတွေအဆုံး ခါးကို ၉၀ ဒီဂရီကိုင်းကာ ပြိုင်တူနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ~ ရှောင်းသခင်လေး!"

ရှောင်းကျန့်က ထိုဝန်ထမ်းတွေကို တစ်ချက်တောင်ဝေ့မကြည့်ဘဲ တန်ဖိုးကြီးအဝတ်တွေချိတ်ထားသည့်စင်အနား လျှောက်သွားလိုက်သည်။ မန်နေဂျာက အားချွမ်းကို ရှောင်းကျန့်ဆီသွားဖို့မျက်ရိပ်ပြတော့ အားချွမ်းကတုန်တုန်ယင်ယင်ဖြင့်ပင် ရှောင်းကျန့်အနားကပ်ရပ်လိုက်သည်။

ကျန်သည့်ဝန်ထမ်းတွေက ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရင်း တစ်ဖက်က နားစွင့်နေကြသည်။ ရှောင်းသခင်လေးရဲ့ ဒေါသကို သိသည့်သူက သိနေပြီးသားဖြစ်တာကြောင့် နောက်တစ်ခါ ပစ္စည်းပြဖို့မဝံ့ရဲသလို အနားနားကပ်ပြီး စကားပြောဖို့လည်း သတ္တိမရှိ~

Him ❤️ (Yizhan)Donde viven las historias. Descúbrelo ahora