အပိုင်း (၂ )

13.8K 1.1K 108
                                    

အိမ်ရှေ့တွင် ရုတ်ရုတ်သဲသဲ နှင့် ပြဿနာ ဖြစ်ပြီး ခဏအကြာ မားသိသွားသည် ။ ထို့ကြောင့် ဆရာလေး၏ ညီဆိုသည့် ဖြူစုတ််စုတ်နှင့် အဖြူကောင်ကို အိမ်ထဲသို့ ခေါ်ကာ ဆေးလိမ်းပေးနေရင်း ပါးစပ်မှလည်း ဝါဒီများနေသေးသည် ။

"တေဇတို့က လုပ်လိုက်ရင် အရမ်းချည်းပဲ ငါတော့ စိတ်ညစ်တာပဲ သိတယ်''

သွားပါပြီ ဒီကိစ္စကို နောက်လေးငါးနှစ်​ ကြာတဲ့ထိ မားတို့ သတိရတိုင်း ပွားနေတော့မှာ ၊ အဲ့တာ အဖြူကောင်မကောင်းတာ (ဟုတ်တယ် ဒီကောင်သာ အချိုးပြေမယ်ဆို ကျွန်တော် ထိုးမှာ မဟုတ်ဘူး) အဲ့ အဖြူကောင် မကောင်းတာ ။

"မားကလည်း ဘာစိတ်ညစ်စရာလဲ ဟိုနေ့က လမ်းထိပ်မှာ အရက်သမားတွေ ပြဿနာရှာလို့ ဆေးရုံရောက် ဆေးခန်းရောက်တွေဖြစ်ထားတော့ ဆရာလေး အကြမ်းဖက်ခံနေရတာထင်လို့ ဝင်ကူညီတာလေ''

"ဟဲ့ ဘယ်သူက အစ်က်ိုအရင်းကို အကြမ်းဖက်မှာလဲ သောက်ရူးကောင်ရဲ့''

"ဆရာလေးမှာ ညီအစ်ကိုရှိမှန်း သားမပြောနဲ့ မားတောင်သိလို့လား''

တေဇစကားပင် မဆုံးလိုက်ရ ။ ဆရာလေးမှ စကားဝင်ထောက်သည် ။

"ဟုတ်ပါတယ် အန်တီ.. ကျွန်တော်ကလည်း တေဇ လာကူညီတည်းက ကျွန်တော့် ညီဖြစ်ကြောင်း တန်းပြောပြလိုက်သင့်တာပါ''

ဆရာလေး စကားအဆုံး အဖြူကောင်က ဝင်လျှာရှည်သည် ။

"ဟုတ်တယ် အန်တီ ကျွန်တော်ကလည်း ကိုကို့ကို အိမ်ပြန်ခေါ်ချင်ဇောများပြီး ဒီက ညီလေး အပေါ် စကားလွန်ခဲ့မိတာပါ ''

ထို့နောက် အိမ်အပြင်မှာတုန်းကနှင့် ဆန့်ကျင်စွာ မျက်နှာကို စပ်ဖြဲဖြဲလုပ်ပြီး

"Sorry ညီ ကိုယ်လွန်သွားတာမလို့ ခွင့်လွှတ်ကွာ''ဟုပြောလာသည်။

တေဇလည်း မျက်လုံးထောင့်ကပ်ကြည့်ရင်း

''ရပါတယ် နောက်ဆို အထိုးမခံချင်ရင် ဆင်ခြင်ပေါ့'' ဟုသာပြောလိုက်သည် ။

ထိုစဥ် မားမှ...
''ဟဲ့ တေဇထွန်း နင်အဲ့လိုရိုင်းစိုင်းနေရင် နင့်အဖေကို ငါဒီကိစ္စ phဆက်ပြီး တိုင်လိုက်မယ်နော်"

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now