တေဇ အိပ်ရာနိုးချိန်တွင် အိပ်ခန်းထဲ သူရိန် မရှိတော့ ။ အောက်ထပ်တွင် မနက်စာစားရန် ပြင်နေခြင်းသာ ဖြစ်မည် ။ နေ့လည်စာနှင့် ညစာသာ မားတို့နှင့် တူတူ စားရသည် ။ ပိုက်ဆံကို စီစစ်သုံးတက်သည့် သူရိန်က မနက်စာကို စျေးကြီးကြီးနှင့် ကောင်းကောင်းကိုသာ စားသည့် အကျင့်ရှိသည်ကြောင့် အရာရာ တွက်ကပ်သော ဘွားဘွားကြီးနှင့် မတည့် ။
ဘွားဘွားကြီးက
"မနက်စာဆို လမ်းထိပ်က မုန့်ဟင်းခါး တစ်ပွဲဝယ်စား တော်ပေါ့ ၊ အဆာပြေ စားတာပဲ '' ဘာညာပြောလျှင် သူရိန်က မကြိုက် ။ ဘုန်းဘောလအောဝယ်ပြီး ဘုန်းဘောလအော စားသည် ။ ဟုတ်တော့လည်း ဟုတ်ပါသည်လေ.. သူရှာတဲ့ ပိုက်ဆံပဲ သူသုံးမပေါ့ ။
တေဇ အိပ်ချင်မူးတူးနှင့် မျက်နှာသစ် သွားတိုက်ပြီးနောက် သူရိန် ဝယ်ပေးထားသော လမ်းလျှောက်စက်နှင့် လမ်းလျှောက်နေလိုက်သည် ။ နာရီဝက်မျှအကြာ အခန်းတံခါး ပွင့်လာပြီး ပေါက်ပေါက်သည်ကြီး ကိုသူရိန် ဝင်လာသည် ။ ထို့နောက် တေဇကို ဆူဆူပူပူ ပြောရင်း အိပ်ရာပေါ်မှ စောင်ကို ခေါက်ကာ အိပ်ရာသိမ်းနေလေသည် ။
"Weightကတော့ ကျအုန်းမယ် ။ ပျင်းတိပျင်းရွဲနဲ့ ခါးကို မတ်မတ်ထားလေ ''
"ဟာ..ကိုရာ မနက်စောစောစီးစီး တိတ်တိတ်ဆိတ်ဆိတ် နေပါရစေ ။ မျက်စိ နှစ်လုံးပွင့်တာနဲ့ တစ်ခုပြီး တစ်ခုက်ို ပြောနေတာပဲ''
"မပြောဘူး မပြောတော့ဘူး .. ဟုတ်ပြီလား ။ ကိုယ်မှားတာ ကောင်းစေချင်လို့ ပြောမိတဲ့ ဒီကောင်ကြီးရဲ့အမှား'' ဟု ဆိုကာ အခန်းထဲမှ ဝုန်းဒိုင်းကြဲပြီး ထွက်သွားသည်။
တေဇလည်း မတက်နိုင် ။ အေးဆေး နေချင်ပါသော်လည်း နေ့စဥ်နဲ့ရက်စက် အချိန်တိုင်း ပွားနေသည်ကို သည်းညည်း မခံနိုင်တော့ ။ မနက်လည်း မနက် ညလည်းညမို့ ။ phကိုင်လို့.... ဆေးလိပ်သောက်လို့... TVကြည့်လို့.... ဘာညာ ။ အိမ်က မာတာထက်ပင် သာ၍ ဆိုးသည် ။
တစ်နာရီ ဆက်တိုက် လမ်းလျှောက်စက်နှင့် လေးကျင့်ခန်း လုပ်ပြီးနောက် ရေမိုးချိုး အဝတ်အစား ဝတ်ကာ အောက်ထပ်သို့ တေဇ ဆင်းလာလိုက်သည် ။ စိတ်ထဲထင်နေ၍ သူရိန့်ကို တစ်အိမ်လုံး ပတ်အရှာ သူရိန် နှင့်အတူ ဆင်ဝင်အောက်တွင် ရပ်နေကျ ဆိုင်ကယ်ကိုပင် ရှာမတွေ့ ။ စိတ်ကောက် သွားခြင်းပင် ဖြစ်မည် ။ တေဇကို ကလေး ကလေး လုပ်နေပြီး သူကိုယ်တိုင်က ကလေးအစစ် ဖြစ်နေသည် ။
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
Lãng mạnRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤