ရေချိုးပြီးနောက် တစ်ညလုံး ထမင်းမစားပဲ စိတ်ကောက်တော် မူနေသော ကိုယ်တော်ချောကို တေဇ ချော့ရသေး၏ ။
"ကို''
"ခုချိန် အဲ့လိုအကြည့် အဲ့လို အခေါ်တွေနဲ့ ငါ့ကို လာမချွဲနဲ့ ၊ ငါ စိတ်ဆိုးချင်နေသေးတယ်''
"ဟမ်''
"ဟုတ်တယ်.. ကိုယ် စိတ်ဆိုးချင်သေးတယ် ။ ကိုယ့်ကို အဲ့လို puppy eyeနဲ့ လာမကြည့်နဲ့ တေဇ ။ ကိုယ် မင်းကို ကြာကြာ စိတ်ကောက်နိုင်မှာ မဟုတ်ဘူး''
" ဟော.... ''
"မောင့်ကို ကိုယ် ဘာပြောထားလဲ။ marking ပေးရင် လည်ပင်းတို့ လူမြင်ရတဲ့ နေရာတို့ကို ခွင့်ပြုတယ် ပြောလား။ မပြောဘူးလား''
"ခွင့်မပြုဘူး ပြောထားတယ်''
"အဲ့တာဆို မောင် မှန်လား မှားလား''
" ဟာဗျာ.. ကလေးကိုဆူနေတာလား။ မောင့်ကို ဆူနေတာလား''
"မေးတာပဲဖြေ တေဇထွန်း''
မဖြေ၍ မရတော့ ။ လေသံက မာစပြုနေသည်မို့ တေဇမှာ တုန်တုန်ရီရီနှင့် ဖြေရသေး၏ ။
"မောင် မှားပါတယ်''
"မှားတာ ဝန်ခံတယ်နော်''
"အင်း ... ဝန်ခံတယ်လို့''
"ကိုယ်တိုင် မှားမှန်းလည်း သိတယ် ။ ဝန်လည်း ဝန်ခံတယ် ဆိုတော့..''
"အပြစ်မပေးနဲ့တော့''
"မရဘူး အပြစ်ရှိတဲ့သူတော့ အပြစ်ပေးရမှာပဲ''
"အဲ့တာဆို ပြော။ ဘာအပြစ်ပေးမှာလဲ''
" အချိုတည်းခွင့် တစ်လ ပိတ်တယ်''
"ဟာ.... တစ်လကြီးတောင်''
"အေးလေ ကိုယ်က နှစ်လပိတ်မယ် ပြောထားတယ်လေ ။ ခုက အပြစ် ဝန်ခံလို့ တစ်လလျော့ပေးတာ''
ပြောသည့်အတိုင်း လုပ်တက်သော သူရိန့်ကို တေဇ အထွန့်မတက်ရဲ ။ အထွန့်တက်ပါက ပေးလာမည့် အပြစ်သာ တိုးပေးမည်ကို သိသောကြောင့် တေဇ ငြိမ်နေလိုက်ရသည် ။
နာရီဝက်မျှအကြာ တေဇ ဆေးလိပ်သောက်ရန် ဆေးလိပ်ဘူးနှင့် မီးခြစ် ကိုင်ပြီး ပြတင်းပေါက်မှ မှန်တံခါးကို ဆွဲအဖွင့် အိမ်ရှေ့ ခရေပင်အောက်တွင် ရန်ဖြစ်နေသော လူနှစ်ယောက်ကိုတွေ့လိုက်ရသည် ။
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤