အပိုင်း(၇)

8.1K 895 21
                                    

"အငယ်ကောင် .. ငယ်ငယ်တည်းက မင်းတို့ရဲ့ ဘယ်ကိစ္စမဆို တော်ရုံ ဘာမှ ငါ ဝင်မစွက်ဖက်ခဲ့တာ မင်း အသိဆုံးပဲ ဖြစ်မှာပါ''

"ဟုတ်ကဲ့ ကိုကိုကြီး ကျွန်တော် သိပါတယ်''

ဘရဏီနှင့် တေဇ ထမင်းစားခန်းထဲတွင် စကား ပြောနေသည်ကို ကိုကိုကြီး တရားရုံးမှ အပြန်နှင့် တိုးပြီး ကြားသွားသည် ။ ငယ်စဥ်တည်းက ကိုကိုကြီးက ဆူလေ့ဆူထ ပြောလေ့ပြောထ မရှိသည်မို့ ကြောက်ရသည်။

" ဒီလိုကိစ္စမျိုးဆိုတာ ငါတို့ လူငယ်တွေကြား သိပ်ဆန်းတော့တဲ့ကိစ္စ မဟုတ်ပေမယ့် မားတို့ ပါးတို့ ဘွားဘွားကြီးတို့လို လူကြီးတွေ အတွက်က ဆန်းနေမှာ''

"ကျွန်တော် နားလည်ပါတယ် ကိုကိုကြီး''

"မင်းကို မကြိုက်နဲ့လို့လည်း ငါမပြောချင်ဘူး ကြိုက်လို့ရတယ် လူတိုင်းမှာ ခံစားချက်ဆိုတာ ရှိတာပဲ ။ ဒါပေမယ့် ဒီခံစားချက်က ဘဝနဲ့ချီပြီး အရေးကြီးလား မကြီးဘူးလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ် မင်းကို မွေးတည်းက မားက ဦးနှောက်ပါ တစ်ခါတည်း အပါ ထည့်ပေးလိုက်တာပဲ ။ တကယ်လို့ မင်းတို့ အရမ်းချစ်ကြလို့ ခိုးပြေးကြတယ် ဆိုရင်တောင် ဘယ် တရားသူကြီးကမှ မင်းတို့ကို တရားဝင် လက်ထပ် မှတ်ပုံတင်ပေးလို့မရဘူး ။ အဲ့တော့ မင်းတို့က ငါတို့ နိုင်ငံမှာဆို ဘယ်တော့မှ တရားဝင် ဖြစ်မလာနိုင်တဲ့ relationshipပဲ ''

တေဇ စကားတစ်ခွန်းမှ ဆက်မပြောနိုင်အောင် ငြိမ်သက်သွားရသည် ။

" မင်း နားချင် သွားနားတော့ ''

တေဇ အခန်းထဲသို့ ပြန်ရောက်ရောက်ချင်း ဘာကို ဘယ်လို ဆက်လုပ်ရမည်ပင် မသိနိုင်တော့ ။ ရင်ထဲတွင် ဆို့နင့်လာရသည် ။

မားတို့ကို မစွန့်လွှတ်နိုင်သလို အကို့ကို မေ့ပစ်နိုင်ဖို့ကလည်း မသေချာ ။ အကို့ကို စွန့်လွှတ်ရန် စဥ်းစားလိုက်တိုင်း အသက်ရှု ကြပ်လာရသည်သာ ။ ဘရဏီပြောပုံအရဆို သေချာသည်က အကို့ကို တေဇ ချစ်နေမိသည်မှာ အသေအချာပင် ။

ခင်ဗျားကို ချစ်ရတာ ပင်ပန်းလိုက်တာ အကိုရာ...

နာရီ အပိုင်းအခြားတစ်ခု အကြာ ဘရဏီက အခန်းထဲသို့ ဝင်လာပြီး

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now