အပိုင်း(၆)

8.3K 933 47
                                    

"ညီ ကိုယ် မင်းကို ph ခေါ်လို့ ရမလား ''

Phကို data onလိုက်သည် နှင့်တစ်ပြိုင်နက် chat boxမှ စာဝင်လာသည် ။ တံတားပေါ်မှ ဆေးရုံရောက်သည်ထိ ကူညီပေးခဲ့သော ကျေးဇူးရှင်ကို ပစ်စလက်ခက် ပြောမထွက်နိုင် ။ ဘာပဲဖြစ်ဖြစ်ပါလေ ယောက်ျားအချင်းချင်း ph ပြောတာပဲ အသားပဲ့ပါသွားတာမှ မဟုတ်တာ ။

"အင်း ရပါတယ်''
ထို့နောက် ခေါ်ချလာသည်က video call ။

"What the fff...''
မထူးတော့သည်မို့ တေဇလည်း ဘေးရှိ နံရံကပ် မှန်ဘီရိုမှ မှန်ကို ကြည့်ရင်း ဆံပင်ကို သပ်တင်ပြီးနောက် phကိုင်လိုက်သည် ။

" ဟုတ် အကိုပြောပါ ''
ဟမ် ဒီအဖြူကောင်ကို ငါ ဘယ်လို ခေါ်ချလိုက်တာလဲ?? ကျေးဇူးရှင်မလို့ ငါ့စိတ်ငါတောင် မသိလိုက်ပဲ ခေါ်မိတာမို့လား ဟုတ်တယ်မလား..

" ဟို ညီ သက်သာလား သိချင်လို့ပါ ''

"ဟုတ် ခုထိတော့ အဆင်ပြေနေတုန်းပါပဲ ''

" ညကျ အိပ်ရေး ဝအောင်အိပ်နော် တံတားပေါ်က အဖြစ်မျိုး ညီ့ကို ထပ်မဖြစ်စေချင်ဘူး ''

" အမ်... ဟုတ် .. ဟုတ်ကဲ့ ''

"ဟို... အကို ပြောချင်တာက မနက်ကလို ညီ တစ်ယောက်ထဲ တစ်ခုခု ဖြစ်တဲ့အချိန် ဘေးမှာ ကူညီမယ့်သူ မရှိရင် ညီ အခက်တွေ့မှာ စိုးလို့ပါ''

"ဟုတ်''

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငြိမ်သက်နေမိကြသည် ။ တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းသူက ..သူ..

" ဟို ခနနေရင် အကို့ ph no ပို့ပေးထားလိုက်မယ်နော် ။ တစ်ခုခုဆို ညီ အကူအညီ တောင်းလို့ရအောင်ပါ''

"အင်း.. ''

မနက်က အကူညီ တောင်းရမည့် လူကို Phဆက်မရခြင်း မဟုတ်ပဲ ph အိမ်မှာ ကျန်ခဲ့သည်ကိုတော့ ထည့်မပြောဖြစ်။

"ညီ့ ph noလဲပို့ထားလိုက်လေ အကိုက unknownဆို phမကိုင်တက်လို့ ''

"အင်း ဒါဆို ph ချလိုက်တော့မယ်နော်''

"ဘာလို့လဲ ညီ အိပ်ချင်နေလို့လား''

"မဟုတ်ပါဘူး အကိုပဲ ph noပေးဆို''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now