Extra - 5

4.5K 452 29
                                    

ဘုရားမှ ပြန်လာပြီး ကိုသော်နှင့် ရိတ်သိမ်း စကား မ​ပြောဖြစ် ။ ရိတ်သိမ်းလည်း လျှော်ရန် ယူလာသော အထည်များနှင့် ကိုသော့် အင်္ကျီများကို အဝတ်လျှော်စက်ထဲသို့ ထည့်လျှော်လိုက်သည် ။ အိမ်ရောက်ပြီးတည်းက အရီး သင်ပေးထားသည်မို့ ရိတ်သိမ်းလည်း မြို့ပေါ်က အသုံးအဆောင် အများစုကို အသုံးပြုတက်နေပြီ ဖြစ်သည် ။ အဝတ်လျှော်စက်ထဲသို့ အဝတ်များ ထည့်ပြီးနောက် စာချုပ်​ရေးနေသော ကိုသော့်ထံ သွားကာ

"ကိုသော်..ဗိုက်ဆာပြီလား ။ ကျွန်တော် တစ်ခုခုချက်ပေးရမလား''

"အင်း ..ဗိုက်ကတော့ ဆာပြီ ။ ဒါပေမယ့် ချက်စရာ မလိုပါဘူး ။ အငယ်ကောင်တို့ နေ့လည်စာ ဝယ်ခဲ့မယ်တဲ့''

"ဟုတ်''

"မင်း ပိတ်ရက်ဆိုတိုင်း ​နားမနေနဲ့လေ ။ အားတဲ့အချိန် ဖြစ်ဖြစ် စာကြည့်ရအောင် စာအုပ်လေး
ဘာလေး မယူခဲ့ဘူးလား''

"ယူခဲ့ပါတယ် ကိုသော်ရယ် ။ အဝတ်တွေ လျှော်ထားလို့ ခဏနေ အဝတ်လှမ်းပြီး စာကြည့်တော့မှာ''

"အင်း..ပြီးရော''

ဖတ်လက်စ စာအုပ်ကို ဘေးချပြီး မျက်မှန် ချွတ်ကာ မျက်ရိုးကို ဖျစ်နေသော အကိုသော် ။ ရိတ်သိမ်းလည်း ကြာကြာ ရပ်ကြည့် မနေနိုင်။

"ကိုသော်..မျက်ရိုးကိုက် နေပြန်ပြီမလား။ လာ.. ကျွန်တော် နှိပ်ပေးမယ် '' ဆိုကာ ကုတင်ပေါ်ကို ရိတ်သိမ်း တက်အလာ

" ရပါတယ် ။ ငါက အဲ့လိုပဲ တစ်ခါတစ်လေ ''

"လာစမ်းပါဗျာ။ ရွာမှာလည်း နှိပ်ပေးနေကြပဲကို ။ လာ..ကျွန်တော့် ပေါင်ကို ခေါင်းအုံးလိုက် ''

အနှိပ်မခံမချင်း ရိတ်သိမ်းက ပွစိပွစိ လုပ်နေမည်ကို သိနေ၍ ပေါင်ပေါ်သို့ လှဲချလိုက်ရသည် ။ လှဲပြီးပြီးချင်း လက်ချောင်း သွယ်သွယ်များက ကိုသော့် မျက်ခုံးနှင့် နားထင်တစ်ဝိုက်တွင် ဝေ့ဝဲကာ ။

အနှိပ်ခံနေရင်းမှ ကိုသော်လည်း ဘေးနားမှ phကို ကောက်ကိုင်ပြီး ဦးငှက်(ထူးအိမ်သင်)၏ ဒုက္ခကိုဆေးဆိုးထားတယ် သီချင်း ဖွင့်ကာ မျက်လုံးမှိတ် ဇိမ်ခံနေလိုက်သည် ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now