Extra - 16

4K 427 104
                                    

ရိတ်သိမ်းနှင့် ကိုသော် အပါအဝင် တေဇ ၊ သူရိန် နှင့် ရဲရင့်တို့ လက်ဖက်ရည်ဆိုင်တွင် ထိုင် ဆွေးနွေးရင်းတန်းလန်း တေဇက အမေးစကားဆိုသည် ။

" အဲ့တာဆို... အဲ့ကောင်လေးက မင်း အနောက် ပတ်လိုက်နေတာလား ရိတ်သိမ်း ''

" အမြဲတမ်း လိုက်နေတာလည်း ဖြစ်ချင်မှ ဖြစ်မှာပါ ။ သူ့ အိမ်လည်း သွားချင် သွားမှာပေါ့ "

" ဒါဆို ငါ့ အိမ်ဘက် ညနေ ၃နာရီ နောက်ပိုင်း မလာနဲ့နော် ''

" ဘာလို့လဲ ။ ကြောက်လို့လား ။ ကိုဇော်က သူ့ဟာနဲ့ သူတောင် အားငယ်နေတာ ။ ကိုတေဇကြီး
ကို ဘာမှ မလုပ်ပါဘူး ''

" မသိဘူးကွာ ။ မလာနဲ့ ''

လက်ကာကာ ခြေကာကာနှင့် ပြောတော့ သူရိန်က တေဇ ခေါင်းကို ပုတ်ပြီး ပြုံးသည် ။

" သိချင်တာ တစ်ခုကလေ အန်တီမိက ဘာလို့မြင်ရတာလဲ ဟမ် ။ အဲ့ကောင်လေးနဲ့လည်း မသိပဲနဲ့ ''

ကိုသော် အမေးစကားအဆုံး ရဲရင့်က ကော်ဖီကို မော့ချလိုက်ပြီး

" မေမေ ပြောဖူးတာတော့ အန်တီမိ အမေက နတ်လေချွန်ဟောတဲ့ ဆရာမကြီးတဲ့ ။ အန်တီမိက အဲ့ပညာပဲရလား ဘာလား မသိဘူး ။ အဲ့လိုတွေဆို သူ အမြဲမြင်ရတက်တယ် ''

" အော်.. အဲ့တာ မလို့နေမယ် ''

" အဲ့တာဆို ခု ဘာဆက်လုပ်ကြမှာလဲ ။ စာအုပ်ထဲရော ဘာတွေရှိလဲ ဖတ်ကြည့်ပြီးပြီလား ''

" ဖတ်ကြည့်ပြီးပြီ ။ သူနဲ့ ကျွန်တော် စတွေ့တဲ့နေ့က စပြီး မနေ့က ရက်စွဲအထိ စာတစ်ကြောင်းပဲ အမြဲ ရေးတယ် ''

" ဘာ ရေးထားတာလဲ ''

" ငါ မင်းကို ချစ်တယ် အရိတ် တဲ့ ။ ဒါပဲ ''

" အော်.."

" အဲ့တာဆို... ဘာဆက်လုပ်ကြမှာလဲ ''

ကိုသော် စကား ဆက်လေတော့ ရိတ်သိမ်းက

" မနက်က ​ကိုကြီး အခန်းထဲ ဝင်မလာခင်တုန်းက
ကိုဇော် တစ်ခု ပြောသွားတယ် ''

" အင်း... ဘာပြောသွားလဲ ''

" နောက် သုံးရက်လောက်နေရင် အမျှဝေပေးပါတဲ့ ။ သူ..ဒီကြားထဲ ကျွန်တော့်ကို လာ မနှောင့်
ယှက်တော့ပါဘူး ဆိုပြီး ကတိ ပေးသွားတယ် ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now