Extra(Yeik Thein) -2

5.5K 477 89
                                    

သုံးတန်း အရွယ်တွင် မိဘမဲ့ခဲ့ရသော ရိတ်သိမ်းကို အကိုဖြစ်သူက တက္ကသိုလ် ဒုတိယနှစ်တွင် ကျောင်းထွက်ပြီး ကျောင်းထားပေးခဲ့သည် ။ အကို ဖြစ်သူသည်လည်း တမြန်နှစ်က ကွယ်လွန်ခဲ့သည်မို့ ရိတ်သိမ်းတွင် တွယ်တာစရာ ကိုသော် တစ်ယောက်သာ ကျန်ခဲ့ရသည် ။

အသက်အရွယ်နှင့် မလိုက်ရအောင် ဖြူဥနေသော ကိုသော့်ကို ရိတ်သိမ်း အူတိုရသည် ။ ညီအစ်ကို နှစ်ယောက်နေစဥ်က အိမ်ရှေ့တွင်ရှိသည့် ရေတွင်းမှ ရေငင်ကာ ချိုး၍ ရသော်ငြား ထိုပိုးဟပ်ဖြူ အသေးလေးကိုမတော့ အိမ်နောက်ဖေးတွင် ထရံနှင့် ကာ၍ ရေချိုးခန်းငယ်လေး ဆောက်ပေးရသည် ။ ထိုကဲ့သို့ တယုတယ ထားသည်ကို ကိုသော်က လုံးဝမကြိုက် ။

"ငါ ယောက်ျားလေးပါ ရိတ်သိမ်းရယ်'' ဆိုသည်က ကိုသော့် လက်သုံးစကား ။ အရပ်ပုပု ပိန်ပိန်ပါးပါး သေးသေးလေးနှင့် ကိုသော်က ပါဝါမျက်မှန် အထူကြီးသာ တပ်မထားပါလျှင် အသက် ၃၀ဆိုသည်ကို တော်ရုံလူ ယုံနိုင်ဖွယ်မရှိ ။

"ရိတ်သိမ်း...ဖယ်အုန်းလေ။ ငါတက်အုန်းမယ်''
အိမ်အနောက်ဘက်တွင် ရေချိုးနေသည်ကို ထိုင်စောင့်ရင်း ရိတ်သိမ်း တွေးမိသည်မှာ ကိုသော် ရေချိုးခန်းမှ ထွက်လာသည်ကိုပင် သတိမထားမိ ။ နောက်ဖေးဝင်ပေါက်သည်လည်း ကျဥ်းလွန်းသည်မို့ တစ်ယောက် ထိုင်လိုက်သည်နှင့် ဝင် ပေါက်တစ်ခုလုံး အပြည့် ။ ရိတ်သိမ်း ထဖယ်ပေး လိုက်မှ ကိုသော် အထဲသို့ ဝင်သွားသည် ။

"ကိုသော်...ဒီနေ့ ကြက်ဥ မ​သောက်ဘူးမလား''
ရိတ်သိမ်း မေးတော့ သက်ပြင်း တစ်ချက်ချပြီး

"ရိတ်သိမ်းရယ်...တစ်နေ့ တစ်နေ့ ငါ့မှာ အဲ့ အညှီအဟောက်​တွေ သောက်နေရတာ အန်ချင်နေပြီ ။ နောက် အဲ့ဒီ ကြက်ဥတွေ ဝယ်ဝယ်မလာစမ်းနဲ့''

"ဟ..ကိုသော်ရ ။ အဲ့တာ ကိုသော်တို့ မြို့ကလို ပေါပေါပဲပဲ ကြက်ဥမဟုတ်ဘူး ။ ဗမာကြက်ဥဗျ ဗမာကြက်ဥ...ဘယ်လောက် တန်ဖိုး ရှိတယ်မှတ်လဲ''

"အေး..တန်ဖိုးရှိလို့ မဝယ်ခိုင်းတာလေ ။ ဒါက ဥစား ကြက်လည်း မဟုတ်ဘူး ။ ငါ သောက်လိုက်တဲ့ ဥက ကြက် ဖြစ်လာရင် အကောင် အများကြီး ထပ်ပွားနိုင်တယ်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now