ဘရဏီနှင့် တေဇတို့ သူငယ်ချင်းသုံးယောက် ပစ္စည်းစာရင်း လုပ်နေရင်းမှ မီးပွိုင့်တွင် တွေ့ခဲ့သော မြင်ကွင်းကိုသာ တေဇ မြင်ယောင်နေမိသည် ။ ကိုကိုကြီးနှင့် ဆရာလေးကြားတွင် တေဇတို့ မသိနိုင်သော ကိစ္စတစ်ခု ရှိနေမည်မှာ အသေအချာ ။ ဘရဏီလည်း ယနေ့မှ လန်းလန်းဆန်းဆန်း မရှိ ။
"ဟဲ့ ဘရဏီ.. နင် တစ်ခုခု ဖြစ်နေလား ၊ အဆင်ပြေလား ''
အကိုဖြစ်သူ မေးလာတော့ မျက်ရည်လွယ်သည့် ဘရဏီက ခေါင်းကို ငုံ့လိုက်သည် ။ တစ်ဖန် မျက်နှာ ပြန်မော့လာချိန်တွင် မျက်ရည်များ ရစ်သိုင်းနေပြီး
"ငါ.... ငါ လုံးဝ အဆင်မပြေဘူး ကိုကိုလေး''
အကိုဖြစ်သူကို ဖက်လာရင်း တအိအိ ငိုကြွေးလာသော ဘရဏီ ။ သူရမင်းတို့ လင်မယား နှစ်ယောက်လည်း အလိုက်တသိနှင့် အခန်းထဲဝင်သွားပြီး ရှောင်ပေးကြသည် ။ တေဇ..ဘရဏီ့ကျောကို သပ်ပေးရင်းမှ
"နင်.... ဘာဖြစ်နေတာလဲ ဘရဏီ''
စကားပြန် မလာ ။ တေဇကို ဖက်ပြီး တအိအိနှင့် ဆက်တိုက်သာ ငိုနေသည် ။
မီးပွိုင့်တွင် တွေ့ခဲ့ရသော မြင်ကွင်းသည်လည်း တေဇ မျက်စိထဲမှ လုံးဝ မထွက်။
"ငါ အိမ်ပြန်တော့မယ်''
လှမ်းဆွဲသည်ကိုပင် မမှီလိုက်ရ ။ အိမ်သို့ ပြန်မည်သေချာနေသောကြောင့် တေဇလည်း အနောက်မှ လိုက်မခေါ်ဖြစ် ။ မသေချာပဲနှင့်လည်း တေဇ မည်သူ့ကိုမှ မစွတ်စွဲချင် ။ သို့သော်ငြား ကိုကိုကြီးနှင့် ဆရာလေး အခြေအနေကို ရိပ်မိနေသလို ။
ကိုယ့်ကိစ္စ မဟုတ်၍ ဝင်မပါရအောင်လည်းသက်ဆိုင်သူ နှစ်ဦးက အကိုအရင်းနှင့် ညီမအရင်း ။ တေဇ အခန်းထဲတွင် ထိုင်နေရင်းမှ ဆုံးဖြတ်ချက် တစ်ခုကို ခိုင်မာစွာ ချလိုက်ပြီး ph no တစ်ခုကို နှိပ်လိုက်သည် ။
" Hello"
"ဆရာလေး.. ကျွန်တော့်ကို အချိန် ခဏပေးလို့ ရမလား''
ဆရာလေးနှင့် ဆိုင်တစ်ဆိုင်တွင် ချိန်းထားပြီးနောက် တေဇလည်း အိမ်ကို သူရမင်းတို့နှင့် အပ်ကာ ထွက်လာခဲ့လ်ိုက်သည် ။ ဆရာလေးက စောရောက်နေပြီး အအေးသောက်ရင်း ထိုင်စောင့်နေပုံပေါ် သည် ။ ဆိုင်ကိုရောက်ပြီး ဆရာလေးကို တွေ့ရချိန်တွင် တေဇဘက်မှ မည်သည့် စကားကို မည်ကဲ့သို့ စပြောရမှန်းမသိ။ ဆရာလေးကပဲ

YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤