"ဘာ.. ရိတ်သိမ်း မင်း ခုထိ ဖွင့်မပြောရသေးဘူးလား ။ ငါတို့ ဒီလောက်ထိ သင်ပေးထားတာကို ''
တေဇ ပြောလည်းပြော လက်ထဲက အအေးဘူးကိုလည်း မော့သောက်လိုက်သည် ။ မနေ့က ကိုကိုကြီး ပြန်မရောက်ခင် ရိတ်သိမ်းကို ဖွင့်ပြောဖို့ အစအဆုံး သင်ပေးထားခဲ့သည်ကိုလေ ။
"ကျွန်တော် ပြောတယ်ဗျ ။ ကိုသော့်ကို လိုချင်တယ်လို့ပြောတော့...ဘာလုပ်ဖို့လဲတဲ့ ကဲ.. ကျွန် တော် ဘာဆက်ပြောရတော့မလဲ''
"ဟမ်..တကယ်ပဲ အဲ့လိုပြန်မေးတာလား''
"အင်း''
ကိုသော် ဆေးရုံခ ရှင်းပြီး အခန်းထဲသို့ ပြန်လာခဲ့လိုက်သည် ။ ရိတ်သိမ်းနှင့် တေဇ နှစ်ဦးတည်း အခန်းထဲ ကျန်ခဲ့၍ သိပ်စိတ်မချရ ။ တည့်လျှင်လည်း သူတို့အပြင် နှစ်ယောက်မရှိ ၊ မတည့်လျှင်တော့ ကြောင်နှင့်ကြွက်လို ခွေးနှင့်မျောက်လိုပင် ။
ကိုသော် အခန်းထဲ ဝင်မှ ကြိတ်ကြိတ် ကြိတ်ကြိတ် လုပ်နေသည့် နှစ်ယောက်က လူစု ခွဲလိုက်ကြပြီး တစ်ယောက်က ကုတင်ပေါ်လှဲကာ တစ်ယောက်က ခုံတွင် ထိုင်ပြီး အအေးသောက်နေသည် ။
"ကဲ.. ရိတ်သိမ်း ခု ချိတ်ထားတဲ့ ဆေးကုန်ရင် ပြန်လို့ ရပြီ ။ တေဇလည်း ပြန်တော့လေ။ ဆိုင်မှာ သူရိန်ပဲ ထားခဲ့တယ်ဆို''
"အင်းပါ...ကူစောင့်ပေးတဲ့ လူက စောင့်ပေးပါ့မယ် ဆိုတာတောင် လွတ်လွတ်လပ်လပ်နေချင်လည်း ပြန်ပါတော့မယ် ခင်ဗျ''
"ငါ စောင့်ကန်လိုက်ရ.. သူရိန် တစ်ယောက်ထဲ ဖြစ်နေမှာစိုးလို့ ပြောတာ''
"ဆိုင်မှာ ကောင်လေးတွေ ရှိပါတယ် ။ ဒါမယ့် ကျွန်တော်လည်း ကြာကြာ ခွဲမနေနိုင်ဘူး ။ သွားပြီ''
တေဇ ထွက်သွားပြီး ကိုသော်လည်း သိမ်းစရာရှိသည်များကို သိမ်းနေလိုက်သည် ။ နှစ်ရက်လောက်သာ ဆေးရုံတက်လိုက်ရ၍ သိမ်းစရာ သိပ်မရှိ ။
"ကိုသော် ဒီနေ့ အလုပ်မရှိဘူးလား''
"အင်း ၁ နာရီခွဲ ကျော်ကျော်မှာ ရုံးချိန်း တစ်ခုရှိတယ် ။ ဘယ်လိုလုပ်ရမလဲ မသိဘူး ။ မင်းကိုလည်း တစ်ယောက်တည်း စိတ်မချလို့ ''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤