အပိုင်း(၁၀)

8.2K 784 31
                                    

" ကလေး ထတော့လေ ၈ခွဲနေပြီ ''

" အမ် ၈နာရီခွဲ နေပြီလား ''

တေဇ အိပ်နေရင်းမှ ယောင်ယောင်ငမ်းငမ်းနှင့် ငုတ်တုတ်ထထိုင်မိသည်။

" အင်းလေ ကိုယ်နှိုးနေတာ ကြာပြီကော ၊ ကလေးဖို့ အဝတ်အစား သွားဝယ်တုန်းကလည်း ကလေး လိုက်မလားလို့ ကိုယ်နှိုးသေးတယ် ။ အိပ်ချင်သေးလို့ ကြိုက်တာ ဝယ်ခဲ့ဆိုပြီး ပြန်အိပ်သွားတာပဲ ''

" အမ်.. ကျွန်တော် အဲ့လို ပြောလိုက်သေးတယ်လား ''

ကိုယ်တိုင် မည်သည့် အချိန်က ပြောလိုက်မိမှန်း မသိ။

" အကို နှိုးတယ်ဆိုတာ ကျွန်တော် တကယ် မသိဘူး ၊ အကို့ကို ပြန်ပြောတယ် ဆိုတာလည်း မသိဘူး ။ ဦးကို အားနာလိုက်တာ သူများအိမ်လာပြီး နောက်ကျမှ အိပ်ရာထရတယ်လို့ ''

" ဘာကို အားနာရမှာလဲ ကလေးရယ် ၊ ဖေဖေက ဘာမှကို မပြောဘူး ၊ ညက ကလေး ငိုထားမှန်း သိလို့တောင် ကလေး ခေါင်းကိုက်နေမယ် ဆေးခန်းသွားပြ ပေးလိုက်အုန်းတဲ့ ကိုယ့်ကို မှာသွားတယ် ''

" ဟုတ်လား ယောက္ခထီးကြီးက သဘောကောင်းလိုက်တာ '' ရုပ်ကို စပ်ဖြဲဖြဲ လုပ်ရင်း ပြောတော့

"ဟုတ်တယ် ကိုယ့် ဖေဖေက သဘောကောင်းပါတယ် ၊ ဒါနဲ့  .. ဘယ်လိုနေလဲ ကလေး ခေါင်းကိုက်လား ဆေးခန်းသွားဖို့လိုလား '' ဟုဆိုကာ ပါးနှစ်ဖက်ကို ဖွဖွ ဆွဲညှစ်ရင်း ပြောသည် ။

" မကိုက်ပါဘူး အကိုရဲ့ ၊ ကျွန်တော် လန်းပါတယ်ရေချိုးလိုက်အုန်းမယ်နော် ၊ ပြီးရင် အကိုတို့ကို မနက်စာ ပြင်ပေးမယ်''

" ဒီအချိန်ဆို ဖေဖေက စားပြီးနေလောက်ပြီ ကိုယ်နဲ့ ကလေးပဲ စားဖို့ကျန်တာ အေးဆေးလုပ် ၊ ပြင်ပေးမယ့် သူက ရှိပြီးသား''

" ဟုတ် '' ဟုဆိုကာ တေဇ ရေချိုးခန်းဝင်ရန် အလုပ်

" ကလေးဖို့ သွားတိုက်တံ အသစ် ထည့်ပေးထားတယ်နော် အပြာရောင်လေး ''

" ဟုတ် ''

ရေချိုးခန်းထဲဝင် မြန်မြန် ရေမိုးချိုး သွားတိုက်ပြီးမှ ထွက်လာခဲ့သည် ။ ရေချိုးခန်းထဲက ထွက်မှ ကုတင်ပေါ် ရောက်နေသော အဝတ်အစားထုပ်များ မနည်းမနောကို တွေ့လိုက်ရသည်။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now