Extra(Ko Ko Gyi) -1 သော်ဇင်ထွန်း

6.6K 474 73
                                    

နှစ်နှစ်ဆိုသည့် ကာလ အတောအတွင်း လူတစ်ယောက်ကို မေ့နိုင်ဖို့ ကြိုးစား နေထိုင်ရင်း ဘဝ၏ အချိုးအကွေ့ တော်တော်များများကို  ကြုံခဲ့ရသည် ။

ကြားဖူးနေကျ စကားတစ်ခွန်းက ထားခဲ့တဲ့သူနဲ့ ကျန်ခဲ့တဲ့သူဆို ကျန်ခဲ့တဲ့သူက ပိုခံစားရတယ်တဲ့ ။ ဒီစကားကို ပြောခဲ့သူက ချစ်ရတဲ့ သူကို မစွန့်လွှတ်ခဲ့ဖူးလို့သာ နေပါလိမ့်မယ် ။ ဒါမှမဟုတ်.. သူ အရမ်းချစ်ရတဲ့သူက ထားခဲ့တာ ခံခဲ့ရလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်ဆို အားလုံးနဲ့ အဝေးဆုံးကို ထွက်သွားသင့်ပေမယ့် စိတ်ကမှ မပြတ်သားနိုင်ပဲ ။ လက်ရှိချိန်တွင်လည်း အဆင်ပြေနေပြီ ဆိုပေမယ့် တစ်ချက် တစ်ချက်တော့ သတိရမိဆဲ ။ မျက်စိစုံမှိတ်ပြီး မလုပ်သင့်တဲ့ ကိစ္စကို လုပ်လိုက်ဖို့အထိ တွေးခဲ့ပေမယ့် ညီမလေးက ထိလွယ်ရှလွယ် ရောဂါသည်လေး ။

Oversea မထွက်ဖြစ်ပဲ နယ်မြို့လေး အနီးဆုံးတွင် ရှိသည့် ရွာလေးတစ်ရွာကို ရောက်နေရသည် ။ အဆင်ပြေရဲ့လား ဆိုပါလျှင် အေးချမ်းပါတယ်ပေါ့ ။

ထွက်လာခဲ့မိသည်ကို နောင်တ မရသော်ငြား ဘွားဘွားကြီးက အပြစ် တင်ချင်တင်နေနိုင်သည် ။ လွတ်လွတ်လပ်လပ် နေချင်၍ ထွက်လာခဲ့ပေမယ့် မိမိထက် ဆယ်နှစ်မက ငယ်သည့် ကောင်လေးတစ်ယောက်ကို စောင့်လျှောက်နေရ ပြန်သည် ။ ရေစက်ဆုံရာ သိချင်ပါလျှင်တော့ ...လွန်ခဲ့သည့် နှစ်နှစ်နီးပါးက အတိတ်ကို ပြန်လှန်ရပေမည် ။

ရန်ကုန်လေဆိပ်တွင် ​သွားရကောင်းနိုး ၊ မသွားရကောင်းနိုး ချီတုံချတုံ ဖြစ်နေစဥ် သူငယ်ချင်းမက အလုပ်ကိစ္စနှင့် overseaသွားရမည် ဆိုသောကြောင့် မမေ့နိုင်သည့် နယ်မြို့လေးကိုသာ  ပြန်လာရသည် ။ မြို့နှင့် ခပ်ဝေးဝေး တည်းခိုခန်းလေးထဲတွင် လေး.....ငါး လလောက်ထိ နေခဲ့ပြီး ကိုယ့်စိတ်ကိုယ် ပြင်ဆင်နိုင်ဖို့ရာ အတွက် တက္ကသိုလ်တုန်းက ရင်းနှီးခဲ့သည့် သူငယ်ချင်း ရွာလေးကို အလည်သွားဖြစ်ခဲ့သည်က အစပြုသည် ။

ရွာသို့ ရောက်ချိန်တွင် သူငယ်ချင်းက ကျောက်ကပ်ရောဂါကြောင့် ပိန်လှီမဲခြောက်နေပြီး အိပ်ရာထဲ နေ့လား ညလား မသိသော အခြေအနေကို ရောက်နေခဲ့ပြီ ။ မသေခင် သူ့ညီလေးကို  စောင့်လျှောက်ပေးဖို့ အပ်ပြီး သိပ်မကြာခင်တွင် ကွယ်လွန်သွားခဲ့သည် ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now