အပိုင်း(၁၂)

6.8K 732 29
                                    

" အာ ကလေးရယ် ..လန့်သွားတာပဲ ။ ကိုယ်က တစ်ခုခု ဖြစ်နေတယ် ထင်တာ ''

အကိုက မျက်မှာကို စပ်ဖြဲဖြဲလုပ်ကာ နားထင်ကို လက်ညှိုးလေး ကွေးကုတ်ရင်း ပြောလာသည် ။

" ကိုကလည်း ... ကျွန်တော် phပြန်ခေါ်တယ်လေ ။ ကိုမှ မကိုင်ပဲ ''

" ဟုတ်လား ကိုယ်လည်း စိတ်ပူပြီး ထွက်လာတာ ။ ကောင်တာပေါ် phကျန်ခဲ့တယ် ထင်တယ် ''

" ဆိုင်က လူတွေကလည်း phလေးတောင် ကိုင်မပေးကြဘူး ။ ဒီလောက် ခေါ်နေတာကို ''

" ကိုယ်က ကိုယ့်ပစ္စည်းဆ်ို သူများကိုင်တာ မကြိုက်လို့လေ ကလေးရယ်''

" ဆိုင်ကို ပြန်သွားတော့လေ အဖေ ဆူနေအုန်းမယ် ''

" အင်း အဲ့တာဆို ကိုယ်..ဆိုင် ပြန်သွားလိုက်အုန်းမယ်နော် ။ ကလေး ဘာစားချင်သေးလဲ။ ဘာမှာအုန်းမလဲ ''

" မမှာတော့ပါဘူး ။ ကို စောနိုင်သမျှ စောပြန်ခဲ့ရင်တော့ ကောင်းတာပေါ့ ''

" ဟုတ်ပါပြီဗျ ''ဟု ပြောပြီးနောက် တေဇ နဖူးကိုနမ်းကာ ဆိုင်သို့ ပြန်သွားလေ၏ ။ မတောင်းဆိုရပါပဲ  သတိတရ ပေးသည့် အနမ်းတို့က တေဇအတွက် မြတ်နိုးဖွယ်ရာ ။

အကို ဆိုင်ကို ပြန်သွားပြီးနောက် တေဇ အခန်းထဲတွင်  ထိုင်နေရင်း ဘဝရှေ့ရေးကို စဥ်းစားနေမိသည်။ ဘဝက ဒီတိုင်း အကိုနှင့်သာ ရှေ့ဆက်ရမည်လား ။ အိမ်ကပဲ အတင်းပြန်ခေါ်သွားမည်လား ... မသေချာ ။ လက်ခံပေးဖို့ ကြိုးစားပါလည်း ဘွားဘွားကြီး၏ ရှေးရိုးစွဲ အကျင့်တို့ကို မည်သည့်နည်းက ဖျောက်ဖျက်ပေးနိုင်မည်လဲ စဥ်းစားမရ ။

အကို့ကိုလည်း ဘယ်နည်းနှင့်မျှ မစွန့်လွှတ်နိုင်။ နူးညံ့သည့် အချစ်ဆိုသည်ကို အကိုနှင့်မှ ခံစားသိရှိခဲ့ရသည်မို့ ။ အကို့ရဲ့ ချစ်ပေးမှုနှင့် အလိုလိုက်မှုကြား တေဇ ပျော်ဝင်နေပြီ ။

အိမ်မှာနေရသည်မှာ ပျင်းပျင်းရှိလာသည်မို့ အပြင်ထွက်ရန်တွေးပြီးမှ

" အာ ငါ့ အပြင်သွားရင် စီးစရာဘာမှမရှိပဲ အကို ပြန်လာမှပဲ လိုက်ပို့ခိုင်းတော့မယ် ''

Facebookသုံးဖို့ log in ဝင်လိုက်သည်နှင့် Msg boxရှိ gp chatတွင် စာများ တက်လာသည် ။ Gp chatဆိုသည်မှာလည်း ဟိုအတွဲနှစ်ယောက်နှင့်ကျွန်တော် သုံးယောက်သာ ရှိသည်။ ပထမနှစ် သူငယ်ချင်း ဖြစ်ခါစတည်းက ဖွင့်ထားသော Gp chatတွင် သောက်အတွဲက အမြဲ လာလာ တစ်တီတူးကြခြင်း ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now