စကား နားမထောင်၍သာ ကိုသော် အိမ်မပြန်ဘူး ပြောခဲ့ရတာ ။ တကယ့် တကယ်ကျ ရိတ်သိမ်းကို ကိုသော် စိတ်မချ ။
" ဟဲ့ လာလေ ။ အခန်းထဲ ဝင်ရအောင်''
"ငါ သပ်သပ် တစ်ခန်းမှာ နေလိုက်မယ် စန္ဒီ''
ကိုသော်လည်း ထပ်မံ check inဝင်ပြီး ရလာသော အခန်းသော့ကို မြှောက်ပြရင်း စန္ဒီ့ကို ပြောလိုက်သည် ။ သို့ပါသော်လည်း သူငယ်ချင်းဖြစ်သူက ခေါ်နေသည်မို့
"အေးပါဟဲ့...အိပ်မှ အခန်းပြောင်းလေ ။ အခု စကားလေး ဘာလေး ပြောရအောင်''
ကိုသော် ငြင်းသင့်လား ။ မငြင်းသင့်လား ဝေခွဲမရ ။ ဧည့်သည်ကိုလည်း မရိုင်းချင်သည်မို့ ။
"နင်က မိန်းကလေး .. သူများတွေ အမြင် မသင့်တော်ဘူး ''
"အမလေးဟယ်..ဘာများလဲလို့ ။ ငါက ပတ်ဝန်း ကျင်ကို ဂရုစိုက်တက်တဲ့ပုံ ပေါ်နေလို့လား ။ ပြီးတော့ ငါ လုပ်တဲ့ အလုပ်က volunteer ဆိုတော့ ပိုဆိုးတယ် ။ တစ်ခါတစ်လေ ယောက်ျားမိန်းမ Gender ခွဲနေလို့ မရဘူး ။ အဆင်ပြေသလို အလှည့်ကျ အိပ်ရတာမျိုးတွေတောင် ရှိတယ်''
"ဒါမယ့် နင် အခု ရောက်နေတာ မြန်မာပြည်လေ ။ ပြီးတော့ နင် social အရမ်းကျတိုင်း ကောင်းတယ် ထင်မနေနဲ့ ။ ကိုယ်က မိန်းကလေး ဆိုတာ သတိရအုန်း''
"ဟားဟား အေးပါဟယ် အေးပါ ။ ခုတော့ လာ..
စကားပြောကြရအောင်ဟာ''ကိုသော်လည်း ဘယ်လို ပြောပြော မရသည်မို့ သူငယ်ချင်းမ စကားကို နားထောင်ပေးလိုက်ရသည်။
အခန်းထဲ ရောက်ရောက်ချင်း ကြမ်းပေါ်တွင်ဘီယာပုလင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်မို့
"စန္ဒီ...ဒါတွေ အကုန် နင် သောက်ထားတာလား''
" ငါမသောက်လို့ ဘယ်သူ သောက်မလဲ.... ဟ''
စကားကို သံရှည်ဆွဲ ပြောရင်း စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိနေသည် ။ ပြီး လက်ထဲမှ စီးကရက်ဘူးကို ကိုသော့် ရှေ့တိုးပေးပြီး
"ရော့ သောက်အုန်းမလား ''
"မသောက်တော့ဘူး။ ဖြတ်ထားတယ်''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
Lãng mạnRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤