Extra - 10

4.5K 466 44
                                    

"ကိုသော် ကျွန်တော် ရွာပြန်တော့မယ်''

"ဟမ်..ဘာ ထဖြစ်တာလဲ''

"ကျွန်တော်က ကိုသော့်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်နေတယ်လို့ ခံစားရလို့ပါ ။ ကိုသော် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေ''

ရိတ်သိမ်း Mood အပြည့် on ကာ ပြောပြီးနောက် ထမင်းစားပွဲမှ မတ်တပ်ထရပ်ကာ ထွက်သွားဟန်ပြုသည် ။ ကိုသော်လည်း ရိတ်သိမ်းလက်ကို လှမ်းဆွဲထားပြီး လျင်မြန်စွာ တုံ့ပြန်လေ၏ ။

"မင်းကို ဝန်ထုတ်ဝန်ပိုး တစ်ခုပါလို့ ငါဘယ်တုန်း
ကမှ စိတ်ထဲ မထားခဲ့ပါဘူး''

တေဇ မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း မျက်နှာကို ပြုံးစိစိ လုပ်ကာ ရိတ်သိမ်းကို မျက်စိတစ်ဖက် မှိတ်ပြသည် ။ ကိုသော်က ရိတ်သိမ်း မျက်နှာကိုသာ ကြည့်နေ၍ မတွေ့လိုက်ရ ။

"မဟုတ်ဘူး ကိုသော် ။ ကျွန်တော် ရှိနေရင် ကိုသော်... အိမ်ထောင်လည်း ပြုမရသလို ၊ တစ်ခုခုဆို ကျွန်တော့်ကို ငဲ့ကြည့်နေရမှာမျိုး ကျွန်တော် မဖြစ်စေချင်ဘူး''

"ငါ အိမ်ထောင်ပြုမယ်လို့ မင်းကို ဘယ်သူပြောတာလဲ''

တစ်ယောက်ကို ပြောမနိုင်၍ တေဇဘက် လှည့်ကြည့်လာကာ မဲဟန်ပြုတော့ တေဇ လက်ခါခါ ခြေခါခါ နှင့် ငြင်းသည် ။

"ကျွန်တော် ဘာမှ မပြောဘူး ကိုကိုကြီး''

တေဇ ပြန်အပြော ရိတ်သိမ်း ဘက်သို့ လှည့်ကြည့်ပြီး

" မင်း ခေါင်းက ဒဏ်ရာကြီးက ကျက်သေးတာလည်း မဟုတ်ဘူး''

စကားလွှဲရင်း ရိတ်သိမ်း ခေါင်းမှ ပတ်တီးကို ကိုင်ကာ ဆိုသည် ။

"ရပါတယ် ကိုသော် ။ ဟို​နေ့တည်းက ဒဏ်ရာနဲ့
ကျွန်တော့်ကို ထားခဲ့ပြီးပြီပဲ ။ ကျွန်တော် အဆင်ပြေပါတယ် ''

"မင်း ဘာဖြစ်ချင်တာလဲ ။ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်း ရိတ်သိမ်း ။ ငါ မင်းကို နားမလည်နိုင်တော့ဘူး''

"ကိုသော်က အမြဲတမ်း အဲ့လိုပဲ ၊ ကျွန်တော့် ရင်ထဲကို ဘယ်တုန်းကမှ မြင်အောင် ကြည့်ခဲ့တာမျိူး မရှိဘူး''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now