အပိုင်း ( ၄ )

9.1K 1.1K 115
                                    

"ဟဲ့ တေဇထွန်း နင့်လက်ထဲက phကို ချပြီး ငါ့ကို
လာနှိပ်ပေးစမ်း''

"ဟာ မားကလည်း ဂိမ်းဆော့ပြီဆို ခိုင်းပြီ ၊ မားမှာ သမီးနှစ်ယောက်ရှိတာပဲ သူတို့ခိုင်းပါလား ''

တေဇတစ်ယောက် မျက်စိကို ဖုန်းက မခွာပဲ ငြူစူစွာ ပြောလိုက်သည် ။

"ဟဲ့ ငါ့သမီးတွေက တစ်ယောက်က ပဌာန်းရွတ်ပြီး တစ်ယောက်က online classတက်နေ​တာလေ ။ ဘုရားတရား လုပ်နေတဲ့သူနဲ့ စာလုပ်နေတဲ့သူကို ငါက ဘယ်လိုလုပ် ခိုင်းမလဲ ...ဟဲ့ "

"ဟာ သေပြီဗျာ သေပြီ မားကြောင့် သေပြီ''

"အေး ဂိမ်းထဲသေပြီး အပြင်မှာ မသေချင်ရင် အဲ့phကို ခုချက်ချင်း ချလိုက်''

"လာပါပြီ သခင်မကြီး ခင်ဗျာ ကျွန်တော်မျိုး လာပါပြီ ''

မားကို နှိပ်ပေးနေစဥ် ဖွားဖွားကြီးက အိမ်ပေါ်ထပ်မှ ဆင်းလာပြီး

"ဟဲ့ ငါ့မြေးက ထူးထူးဆန်းဆန်း မအေကိုနှိပ်
ပေးနေပါလား''

"ဘွား ချွေးမလေ သား ဂိမ်းဆော့နေတာကို အတင်းကြီး လာနှိပ်ခိုင်းနေတာ ဂိမ်းက ရှုံးရော''

"ဟဲ့ ငါ့မလည်း တစ်နေ့တစ်နေ့ နင်တို့စားဖို့ ချက်ရပြုတ်ရ နင်တို့ အဝတ်တွေ လျှော်ရဖွတ်ရနဲလေ ၊ ပြီးတော့ ညနေ အတိုး သွားတောင်းခိုင်းလည်း နင်တို့က အားကိုးရလို့လား ။ အေး အကြွေးဆိုမှ ငါ အကြွေး သွားတောင်းရအုန်းမယ် ။ ငါ လက်ကိုက်လို့ ဆိုင်ကယ် မမောင်းနိုင်ဘူး ငါ့လိုက်ပို့ပေးစမ်း''

"ကျစ် မားက လုပ်ပြီ နောက်တစ်ပွဲ တိုက်မလို့ကို ''

မားကို ပြောပြီး ထိုင်ခုံပေါ် ဆောင့်အောင့်ကာ ထိုင်ချလိုက်သူ တေဇ ။ဘွားဘွားကြီးက သဘောတကျ ရယ်နေပြီး မအေဖြစ်သူက လက်တစ်ဖက် မြောက်ကာ ရိုက်ရန် အလုပ်

"အန်တီရေ အန်တီ''

"ဟော အထုပ်​တွေ အပိုးတွေနဲ့ပါလား ဆရာလေး ။ ညနေပိုင်းကြီး အငယ်မကို အချိန်ပို သင်ပေးဖို့ရှိတယ်လား ။  နေခြည်ကလည်း ဘာမ​ပြောဘူးတော်.. သူ့အခန်းထဲမယ် speakingကို online class တက်နေလေရဲ့ ''

"မဟုတ်ဘူး အန်တီရေ ကျွန်တော် ၁၀တန်း ဂိုက်သင်တဲ့ အိမ်က လက်ဖက်တွေ ထည့်ပေးလိုက်လို့ ကျွန်တော်ကလည်း လက်ဖက်စားလေ့မရှိတော့ အန်တီနဲ့ဘွား စားရအောင် လာပေးတာ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now