သူရိန်တို့ သားအဖ ဆိုင်ကို ထွက်သွားသည်မှာ အချိန် အတန် ကြာပြီးနောက် တေဇလည်း လုပ်စရာ မရှိသဖြင့် phသုံးရင်းနှင့်သာ အချိန်ကုန်နေလိုက်သည် ။ phသုံးနေစဥ် ဘရဏီ့ဆီမှ phဝင်လာသဖြင့်
" မဆက်စဖူး ''
" ကိုကိုလေး ... နင် အိမ်ကို အမြန်ဆုံး လာခဲ့ '' ဟု ဆိုကာ ငိုသံပါကြီးနှင့် ပြောပြီး phကို တန်းချသွားသည် ။ phပြန်ဆက်တော့လည်း မကိုင်သဖြင့် စိတ်ပူပြီး အိမ်ကို သွားရန်အလုပ် သူရိန့်ဆီက ph ထပ်ဝင်လာသည် ။
" ကလေး ခုချက်ချင်း ကိုယ် လာခဲ့မယ် ခနစောင့် ''
ဆိုပြီး မောပန်းတကြီးသံနှင့် ပြောကာ phချသွားပြန်သည် ။
" ဟာ ဘာတွေလဲကွာ ၊ ဘာတွေဖြစ်နေကြတာလဲ ''
တေဇ ပြောရင်း အိမ်အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည် ။
" အန်တီမိ အန်တီမိ အကို ပြန်လာရင် ကျွန်တော်အရေးကြီးလို့ အရင် ထွက်သွားပြီလို့ ပြောပေးပါ '' ဆိုကာ တေဇ အိမ်ထဲမှ ချက်ချင်း ပြေးထွက်လာလိုက်သည် ။ လမ်းထိပ်သို့ အရောက်
" ကလေး ကလေး လာ တက် ၊ ကလေး အိမ်သွားရအောင် ''
** ဟင် ဘာဖြစ်တာလဲ ငါကျ ဘာမှမသိပဲ အကိုက ဘာတွေ ဘယ်လိုသိ**
တေဇလည်း ဘာဖြစ်နေမှန်း သေချာမသိ၍ သူရိန့် ကားပေါ် တက်လိုက်သည် ။
" ကို ကျွန်တော့်.. အိမ်မှာ ဘာတွေဖြစ်ကြတာလဲ ''
" ဟို.. ကလေး စိတ်အေးအေးထားနော် ''
" အင်းပါ ဘာဖြစ်တာလဲ မြန်မြန်ပြော ''
တေဇလည်း စိတ်က မရှည်တော့သဖြင့် သူရိန့်ကိုအော်လိုက်သည် ။
" ကလေး ပါးနဲ့မား ဆိုင်ကယ်ချင်း တိုက်ခံရလို့တဲ့ အဲ့တာ ''
" ဟင် ဘယ်ခွေးမသားကတိုက်တာလဲ ''
"ပါးနဲ့မား အခြေအနေရော ဘယ်လိုရှိလဲ''တေဇ မေးခွန်းတွေသာ ဆက်တိုက်ထုတ်နေမိသည် ။
" အဲ့တာတော့ ကိုယ်လည်း သေချာမသိဘူး ကလေး ။ ကိုကိုက ကိုယ့်ကို phလှမ်းဆက်ပြီး ပြောတာ ၊ ရပ်ကွက်ရုံး နားလေးတင်တဲ့''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤