Extra - 19

3.8K 383 55
                                    

ရိတ်သိမ်း တစ်ရက်ပြီး တစ်ရက် ကျောင်းတက်လိုက် ၊ လပတ်စာမေးပွဲ ဖြေလိုက်နှင့် အချိန်တို့ ကုန်လွန်လာသည်မှာ မနက်ဆိုလျှင် စာမေးပွဲ ဖြေရတော့မည် ။

" ရိတ်....ရိတ် ။ အိပ်ငိုက်နေတာလား ''

" အင်း...ဟုတ်တယ် ။ ကျွန်တော် အိပ်မှ ရတော့မယ် ထင်တယ် ''

" အလင်္ကာတွေ မရသေးဘူးဆို ''

" မသိတော့ဘူးဗျာ ။ သူတို့က မေးရင် ဘာအလင်္ကာ ညာ အလင်္ကာဆိုပြီး ရေးပေးထားမှာပဲ။ အဆင်ပြေသလို ဖြေလိုက်တော့မယ် ''

" အင်းပါ.. ၁၂လည်း ခွဲနေပြီ ။ အိပ်ချင် အိပ်လိုက် ။ မနက်တော့ ၅နာရီထိုး ထရမယ်နော် ''

" အင်းအင်း.. ထမယ် ။ တိုးတိုးနေဗျာ အိပ်ချင်ပြီ ''

ညည်းညူကာ ကိုသော့်ကို ဆွဲဖက်ပြီး အိပ်သွားသည်ကြောင့် ကိုသော်လည်း ရိတ်သိမ်း နဖူးကို နမ်းကာ အိပ်စက်ခြင်း ဆီသို့ ။

.....

" မောင်ရေ... မောင် ။ မြန်မြန်လုပ်လေ ။ ဘရဏီက ခုလောက်ဆို ဗိုက်ဆာနေလောက်ပြီ ''

" မေမေ ဏီဏီ မပြောနဲ့ တားပါ ဗိုက်ချာနေပြီ လေးဇ ရာ ''

အသက်က သုံးနှစ်ထဲ ဝင်နေပြီမို့ မီးလောင်ရာလေပင့် leo လေးက စကားကို ပြတ်တောင်းတောင်း ပြောစပြုနေသည် ။

" အင်းပါ နေကြပါအုန်း ။ ကျစ် ....အကြောင်းဆို ဒီ စောက်ဘောင်းဘီတွေက ဝတ်မရဘူး ''

" ကျပ်နေလည်း မဝတ်နဲ့တော့လေ မောင်ရာ ။ အဆင်ပြေတာ တစ်ခုခုဝတ်လိုက် ''

သူရိန်လည်း ဂဂျီကြောင်ကျနေသော တေဇကို ပြောပြီးနောက် အခန်းအပြင်သို့ ထွက်သွားသည် ။ တေဇလည်း ဘီရိုဖွင့်ပြီး အဆင်ပြေသည့် ထရပ်စု ဘောင်းဘီကို ကောက်စွပ်ပြီး Leo​ လက်ကို ဆွဲကာ ထွက်လာခဲ့လိုက်သည် ။

ဘရဏီက မွေးခါနီး တစ်လ ဆေးရုံ ကြိုတက်ရသည် ။ မားနှင့် အငယ်လေးက တလှည့် ၊ ရဲရင့်က တစ်လှည့် လူနာစောင့်ရသည်မို့ မားတို့ကိုခေါ်ကာ ဆေးရုံပို့ပြီး ဆိုင်သွားရမည် ။ တေဇ ကားပေါ်တက်မှ နောက်ခန်းထဲတွင် ထိုင်နေသည့် မားက

" အမလေးဟဲ့...ဒီလောက် အကြာကြီး ပြင်ဆင်နေလည်း ထူးမလာတဲ့ ရုပ်ကို အကြာကြီး ပြင်နေ ။ ဟိုက လူမမာက ဗိုက်ဆာနေလောက်ပြီ ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now