"ဘာပြောတယ် ရိတ် ။ ဘရဏီက ကိုယ်ဝန်ထပ်ရှိနေပြီ ဟုတ်လား ''
"ဟုတ်တယ် ကိုကြီး ။ ကျွန်တော့်ကို ဆေးရုံ ခဏ
လိုက်ခဲ့ ဆိုလို့ လိုက်သွားတာ ။ အဲ့တာ ကိုတေဇတို့ ဆိုင်ကို ခဏ ဝင်တုန်း သူ့ယောက်ျားနဲ့ တွေ့တော့ လိုက်သွားတယ်''ကိုသော် အလုပ်က ပြန်လာပြီးနောက် ညီမတော်ကို မတွေ့သည်ကြောင့် စိတ်ပူပြီး မေးလိုက်မိခြင်း ။ ကောင်မလေး သူ့ရောဂါနဲ့ ကလေးထပ်ယူလို့အဆင်ရော ပြေပါ့မလား မသိ။
ရဲရင့်မင်းမြတ်နှင့် ဘရဏီ ဆေးရုံမှ ပြန်လာပြီး တစ်လမ်းလုံး သက်မ တချချ ။ leoလေးကို မွေးစဥ်က အခက်အခဲ မရှိသော်ငြား ဒုတိယ အကြိမ် ဆိုပါက ခက်ခဲနိုင်သည်တဲ့ ။
"ကိုကို.. တကယ်လို့ ယှဥ်ပြီး ရွေးချယ်ရမယ်ဆိုရင် သဲ ထပ် ကလေးကို ရွေးပါ''
"ဘာတွေ လျှောက်ပြောနေပြန်တာလဲ ဘရဏီထွန်း ။ မင်း ပါးစပ်က မဟုတ်တာတွေ အရမ်းပြောတာပဲ ။ ဘာကိစ္စ ယှဥ်ပြီးရွေးရမှာလဲ ။ မင်းကို ငါ အကောင်းဆုံး ဆေးရုံက အကောင်းဆုံး OGနဲ့ အပ်ပေးထားတာ ။ မင်း ဘာမှ ဖြစ်လို့ မရသလို ဘာမှလည်း ဖြစ်ခွင့်မပေးနိုင်ဘူး''
"မဟုတ်ဘူးလေ ကိုကို..''
"ဘာမှ ဆက်မပြောနဲ့ ။ ငါ့ထပ် အရင် မင်းကို ထွက်သွားခွင့် မပေးနိုင်ဘူး ။ အဲ့လိုပဲ သိထားလိုက်''
တေဇနှင့် သူရိန် ညနေပိုင်း ဆိုင်က ပြန်လာပြီးနောက် ရေမိုးချိုးရန် ပြင်ဆင်နေတုန်း
"ကို...''
"ဗျာ''
"ဘရဏီတို့ ကလေးမွေးရင် leoလေးကို အိမ်ခေါ်ထားကြရအောင်''
"မောင်က ကလေး ထိန်းတက်လို့လား ''
သူရိန်က မေးလိုက်ရင်း ကုတင်ပေါ် လှဲချလိုက်တော့ တေဇလည်း သဘက်ကို ခါးတွင် ပတ်ပြီး ဘေးက ခုံတွင် ဝင်ထိုင်သည် ။
"ထိန်းတက်တာပေါ့ ။ သူ ဆော့ချင်တဲ့ချိန် ဆော့ပေး ။ သူ အိပ်ချင်ရင် သိပ်ပေး ။ သူ ဗိုက်ဆာရင် ကျွေးပေးရုံပဲပေါ့''
"မောင်..ကလေးတစ်ယောက် တာဝန်က မောင်ထင်တာထက် ပိုများတယ် သိရဲ့လား''
![](https://img.wattpad.com/cover/242200148-288-k95494.jpg)
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤