လိင်တူချင်း လက်ထပ်ခွင့် မရှိသည့် နိုင်ငံတွင် နေရသည်မို့ ဘိုးဘွားရိပ်သာတွင်သာ အလှူသဘောမျိုး အကျဥ်းရုံး လိုက်ရသည် ။ အဘိုးအဘွားများ၏ ဆုမွန် ခြွေသံကြားတော့ တစ်မိသားစုလုံး စိတ်မကောင်း ။ ရင်ထဲ ဟာတာတာ ။ ဘွားဘွားကြီးက ရွယ်တူ အဘိုးအဘွားများနှင့် စကား လက်ဆုံကျနေပြီး မားက အဘိုး အဘွားများကိုကြည့်ကာ မျက်ရည်များ ဝေ့သီနေသည်။
ဘိုးဘွားရိပ်သာတွင် လှူပြီး အိမ်ပြန်ရောက်သော်လည်း တေဇ မနားရ ။ လမ်းဘေးခွေးများကိုလည်း အစာကျွေးချင်ပါသည် ဆိုသော သူရိန့် ဆန္ဒကို ဖြည့်ပေးဖို့ရာ မိုးပြဲဒယ်နှင့် ကြက်ရိုး ၊ အသား နှင့် အသဲများကို ပြုတ်ရပြန်သည် ။ သူရိန် က ကျွေးသာ ကျွေးချင်သည် ။ သားစိမ်း ငါးစိမ်းနံ့ မခံနိုင်ပါဆိုကာ အိမ်တွင်းအောင်းနေသည်မို့ အစစ အရာရာ တေဇခြေ တေဇလက် ။
ခွေးစာကျွေးနေစဥ်လည်း နှုတ်မှ တဖွဖွ ရွတ်နေပြန်သေးသည်က
"လမ်းဘေးခွေးလေးတွေ သနားပါတယ် ။ နေ့ တိုင်း ဘယ်လို ရှာဖွေစားနေလဲ မသ်ိဘူး''
ခွေးစာကျွေးပြီး အိမ်ပြန်လာသည့် လမ်းတွင် ကန်လည်ရွှေဟင်္သါ ဘုရားရှေ့ ကားရပ်ခိုင်းပြီး ငါးစာဝင် ကျွေးပြန်သည်ကို တေဇ မငြိုငြင်ရက် ။
သို့သော်လည်း ဗိုက်ဆာလာသောကြောင့် ကားပေါ်တက်ရင်း တစ်ချက် ငြီးပြလိုက်ရသည် ။
" ကိုသူရိန်မင်းမြတ် ရေ.. ကျွန်တော်မျိုး ခုထိ နေ့လည်စာ မစားရသေးဘူးနော်''
" ဘာစားချင်လဲ ။ ဒီနေ့က မားတို့လည်း ဘာမှ ချက်မှာ မဟုတ်ဘူး''
"မသိပါဘူး...ဘာစားရမှန်း ...အာ..သိပြီ ။ မွတ်တားလေး ပလာတာ စားမယ်လေ ။ ဆိုင်မှာ ရပ်လိုက်မယ်နော် ။ ကိုလည်း စားမယ်မလား''
"အင်း..စားမယ်''
ပလာတာစားပြီး အိမ်ကို ပြန်သည့် လမ်းတွင်
ကိုကိုကြီးနှင့် တူသော လူတစ်ယောက် လိုင်းကား ပေါ် တက်သွားသည်ကို သူရိန် လှမ်းမြင်လိုက်၍"မောင်...ဟိုမှာ..မြင်လိုက်လား...ကိုကိုကြီးလား
မသိဘူးနော် ။ အရမ်းတူတာပဲ....လိုက်ကြည့်ရ အောင်''
![](https://img.wattpad.com/cover/242200148-288-k95494.jpg)
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤