The end of extra

7.8K 485 150
                                    

နှစ်ဖက်မိသားစု အားလုံး သူရိန့် အဖေ ပိုင်သော ခြံဝန်းကျယ်ကြီးထဲသို့ ရောက်နေကြရသည် ။ အကြောင်းမှာ Leoလေး၏ အသက် ငါးနှစ်ပြည့် မွေးနေ့အတွက် ပြင်ဆင်ရန်ပင် ။ သူရိန်နှင့် တေဇက bbq လုပ်ရန် အသီးအရွက်နှင့် အသားများကို လှီးဖြတ်နေကြပြီး Leoလေးက ဘေးတွင် ထိုင်ရင်း လုပ်စရာမရှိ လုပ်စရာရှာကာ အချဥ်ရည်ခွက်ထဲသို့ နှမ်းဖြူးနေသည် ။ ပြောရလျှင် သူ့၏ လေးဇ လို အားသန်ရာ အလုပ် ရှာလုပ်နေသည့် သဘော ။

" ဟေ့ကောင် Leo တော်လိုက်တော့ ။ မွေးနေ့မှာ မဆူချင်ဘူးနော် ။ အချဥ်ရည်ခွက် တစ်ခုလုံး နှမ်းစိတွေ ချည်းပဲ ''

တေဇက baby corn လေးများကို လှီးနေရင်း  ထအော်သည် ။

" ဟာ.. လေးဇက ဘာသိလို့လဲ ။ အချဥ်ရည် တစ်ခွက်မှာ နှမ်းစ်ိက အသက်ဗျ ''

" အမယ်... သောက်ကြီးသောက်ကျယ်နဲ့ ။ မင်းကို ဘယ်သူက ပြောလဲ နှမ်းစိက အသက်လို့ ''

" သားဟာ သား ပြောတာလေ ။ သက်ငယ်စကား သက်ကြီးကြားတဲ့ ။ လေးဇ မှတ်ထားပေါ့ ''

" ဖျင်ဂေါင်းက ကျယ်ပြီ ''

" မောင်... ကလေးကို ''

သူရိန်က တေဇ နားရင်းကို လှမ်းအုပ်သည် ။

" ဟဟား လေးဇတော့ ခံနေရပြီ ''

" သားသားလည်း တော်တော့ ။ အချဥ်ရည်တွေက စားမကောင်းပဲနေမယ် ''

Leoဘက်ကို မျက်နှာမူပြီး ဆူလိုက်မှ

" ဟုတ် '' ဟု ဆိုကာ ငြိမ်သွားသည် ။

တေဇလည်း အနောက်မှ လက်နှစ်ဖက်ကို ခပ်ဖွဖွလေးတီးပြီး အသံတိုးတိုးနှင့် လှမ်းစသည် ။

" ကောင်းတယ်..ကောင်းတယ် ''

" ဟင်းဟင်း... လေးဇနော် ''

တကယ်တမ်း နေရာတကာ ဆူနေသော တေဇကို Leoက လုံးဝ မကြောက် ။ သူရိန်က ဟိတ် ဆိုသည်နှင့် ကင်းသေသည် ။ ကလေး သဘာဝ လွတ်လပ်သည်ကို ကြိုက်ကြသည်မို့ အမြဲတမ်း ဆူပူ ပြောဆိုနေတက်သည့် သူများကို မကြောက်တက်ကြ ။

ရိိတ်သိမ်းနှင့် ကိုသော်က လူကြီးများ သောက်ဖို့ရာ ကော့တေး စပ်ရန် ပြင်နေကြသည် ။ အသီးများကို လှီးပြီး ဝိုင်ပုလင်း အချို့နှင့် Alcohol အမျိုးအစားအစုံကို ရောစပ်နေကြသည် ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now