"နင်တို့ မောင်နှမတွေ ကျိတ်ဖြေရှင်းနေတဲ့ ကိစ္စက ဘာလဲ တေဇထွန်း ''
မာတာ မိခင်၏ အမေးစကားကို တေဇ အဖြေမပေးနိုင် ။ မကြာခင် တော်ရတော့မည် သမက်လောင်းက ကလေးအဖေ ဖြစ်နေကြောင်း စပြောရမည်လား၊ သမက်လောင်းနဲ့ အားကိုးရာ သားကြီးက ဖောက်ပြန်နေသည်ကို ပြောရမည်လား ဝေခွဲမရ။
"ဟို... မေမေ။ ဘရဏီ နိုးလာမှ မေးပါလား။ သူက ကာယကံရှင်ပဲလေ''
"မမေးဘူး ။ ငါ နင့်ကိုပဲ မေးမှာမလို့ နင်ပြော''
သားအမိ နှစ်ယောက် အခြေအတင် ပြောနေစဥ် အခန်းတံခါး ပွင့်လာပြီးနောက် ဒရောသောပါး ဝင်လာကြသူက ဆရာလေးနှင့် ကိုကိုကြီး ။ ဆ
ရာလေးက ဘရဏီ့ကို ပြေးဖက်မည် အလုပ် သူရိန်က ဆရာလေး အင်္ကျီကော်လံကို ဆွဲဆောင့်ပြီးနောက် လက်သီးတစ်လုံး ပစ်ထိုးလိုက်သည် ။"ခွပ်''
"ဟင် ''
"ဘာလဲ ။ ဘာတွေဖြစ်နေကြတာလဲ ''
မား အော်ဟစ်ပြီး မေးချိန်မှ သူရိန်လည်း အသိစိတ်ဝင်လာပြီး
"ဘာမဟုတ်ပါဘူး မား ။ စိတ်မပူပါနဲ့ ။ ဘရဏီ့ကိုသာ စောင့်ကြည့်နေလိုက်ပါ ။ ကျွန်တော်တို့ ညီ အစ်ကိုကို သွားခွင့်ပြုပါအုန်းဗျ'' ဟု ဆိုကာ ဆရာလေး ကို ဆွဲခေါ်သွားသည် ။
သူရိန်တို့ ညီအစ်ကို ထွက်သွားပြီးနောက် ကိုကိုကြီးကို တေဇ တစ်ချက် လှမ်းကြည့်စဥ် ကိုကိုကြီးက ဘရဏီ့ခေါင်းကို ပွတ်ပေးနေပြီး သာမန် အတိုင်း အစ်ကို တစ်ယောက် အသွင်ဆောင်နေသည် ။
မားနှင့် တေဇ ထိုင်နေပြီး ကိုကိုကြီးက မတ်တပ်ရပ်ကာ ဘရဏီ့ကို မမှိတ်မသုန်နှင့် စိုက်ကြည့်နေသည် ။ အိမ်တွင် ဘွားဘွားကြီးနှင့် အငယ်လေးသာ ကျန်ခဲ့၍ တေဇ စိတ်မချနိုင် ။ သူရိန့်ဆီ သာ phလှမ်းဆက်ပြီး အိမ်ဘက်သွားနေပေးဖို့ပြောရသည် ။
"ရေ ရေ ရေပေးပါ''
တစ်နေ့ခင်းလုံးနီးပါး မေ့မျောနေသော ဘရဏီ သတိရလာချိန်တွင် ကိုကိုကြီးက ပွေ့ထူလိုက်ကာ မားက ရေတိုက်ရန် ပြင်ဆင်သည် ။ တေဇ ဆရာ ဝန်ကို ပြေးခေါ်ပြီး အခန်းထဲသို့ ဝင်လာထိတိုင် ဘရဏီက ငိုမြဲ ။ စမ်းသပ် စစ်ဆေး ပြီးနောက် ဆရာဝန်က လူနာရှင်တစ်ယောက် လိုက်ခဲ့ပါဟူ၍ တေဇ လိုက်သွားရပြန်သည် ။
![](https://img.wattpad.com/cover/242200148-288-k95494.jpg)
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤