အပိုင်း ( ၃ )

10.1K 1K 111
                                    

ဘာ အဖြူကောင်မှ မဟုတ်ဘူး ၊ နေပါအုန်း ခင်ဗျားက ဒီနားမှာ နေတာမလို့လား ''

"  နေတာတော့ မနေဘူး ၊ ဆိုင် လာထိုင်ကူတာ ၊ ဒါ ကိုယ့်အဖေဆိုင်လေ '' ဟု ဆိုကာ ဘေးက ကားပစ္စည်းဆိုင်ကို မေးငေါ့ပြရင်း ပြောလေသည်။

"ဆိုင်က လူတွေ ပစ္စည်းချတာ ဝင်စစ်ပေးနေရင်း ညီနဲ့ တူလို့ လှမ်းကြည့်နေတာ ။ ကိုယ့်ဆိုင်ဘက်လှည့်ပြီး ပွစိပွစိပြောနေမှ ညီမှန်းသိတာ ၊ ရော့ အရမ်းပူနေတယ်မလား ရေသောက်လိုက်အုန်း'' ဟုဆိုကာ ရေဘူးကို တေဇရှေ့ဘက် တိုးပေးလာသည်။

ရာသီဥတုက အလွန်အမင်း ပူနေသည်ကြောင့် တေဇလည်း ငြင်းမနေနိုင် ။ ရေဘူးကိုယူပြီး တစ်ဝက်ကျိုးသည်ထိ မော့ချလိုက်သည်။

" ကျေးဇူး ''

" ငါ့ညီ ဆိုင်ထဲ ဝင်စောင့်ပါလား နေက တော်တော် ပူနေတာ ''

" ရပါတယ်.. ဘရဏီလည်း ဆင်းလာတော့မှာ ၊ ဒီတိုင်းပဲ ဆက်စောင့်နေတော့မယ် ၊ ခင်ဗျားက အလုပ်နဲ့မလား ခင်ဗျားသာသွားပါ ။ ထီးကိုင်ထားရတာ ညောင်းနေမှာပေါ့ ''

"ရပါတယ် ညီရဲ့ ထီးမိုးပေးရတာ ပင်ပန်းတဲ့ကိစ္စမှမဟုတ်တာ ပစ္စည်းတွေလည်း ချပြီးပြီလေ အေးဆေး ''

"ကဲ ကိုကိုလေးရေ နောက်တစ်နေရာ'' ဟုဆိုပြီး လက်တွင် ကိုင်ထားသော phကိုကြည့်ကာ တိုက်ခန်း လှေကားပေါ်မှ ဘရဏီ ဆင်းလာသည်။ ပြီးမှ အဖြူကောင်ကို တွေ့သွားသည်နှင့်

''ဟယ် မနက်က အကိုမို့လား ဒီနားဘယ်လိုရောက် ''

" ဒါ အကို့အဖေဆိုင်လေ ဆိုင်ကို လာကူထိုင်ပေးရင်း ညီ့ကို တွေ့လို့ စကား လာပြောနေတာ ''

"အော် ဟုတ်''

" ဒါနဲ့ ညီမက မုန့်ရောင်းတာလား ဘာမုန့်တွေလဲ''

"မာလာရှမ်းကော တစ်မျိုးပဲ အကို နောက်menu အသစ်လုပ်ဖို့တော့ရှိတယ် ဘာလုပ်ရမှန်းမသိလို့''

"မာလာရှမ်းကောလား အကိုအရမ်းကြိုက်တာ ၊ မှာစားရအောင် ညီမ pageဖြစ်ဖြစ် accဖြစ်ဖြစ် ​ပေးခဲ့လေ "

အဖြူကောင့် စကားအဆုံး ဘရဏီက ဖုန်းကိုဖွင့်ပြီး Acc Profile ကို ပြလေသည် ။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now