"မောင်..မောင်..ဘာဖြစ်နေတာလဲလို့''
တေဇ ပုခုံးကို လှုပ်ရမ်းရင်း သူရိန် မေးလာတော့
"ဟင်..ဘာမှ မဖြစ်ပါဘူး''
"ဘာမှ မဖြစ်ဘူးသာ ပြောနေတာ ။ မောင်.. တစ်ချိန်လုံး အဲ့ ph screen ကို စိုက်ကြည့်နေတာ ဆယ်မိနစ်လောက် ရှိနေပြီ''
တစ်ခုခုကို မသင်္ကာသလိုနှင့် သူရိန် ပြောသည် ။ ဘရဏီလည်း ကြားက ဝင်ဆေးထိုးသည် ။
"ဟုတ်တယ်..ကိုသူရိန်ရေ ။ ခုနက ဘရဏီ့ကို ဆေးလာထိုးပေးတဲ့ ဆရာဝန်မလေး တွေ့ပြီး
နောက်ပိုင်း အဲ့လိုဖြစ်နေတာပဲ''"ဟာ..ဘရဏီရာ ။ အေးဆေးနေစမ်းပါ ။ ငါ့ဟာငါတောင် စဥ်းစားမရတဲ့ ကြားထဲ နင်က တစ်မှောင့်''
"မောင် က ဘာတွေ စဥ်းစားမရလို့ အဲ့လောက် ဆန်းဆန်းတွေတင့် နေတာလဲ ။ အရင်ကလည်း ဘရဏီက စနေကြပဲကို ၊ ဘာလို့ ဒီလောက်ထိ မခံမရပ်နိုင် ဖြစ်နေတာလဲ ။ တကယ်ပဲ အဲ့ဆရာဝန်မလေး ကြောင့်လား''
"မဟုတ်တာဗျာ နောက်မှ မောင် အေးဆေး ပြောပြပါမယ် ။ ကိုကလည်း မောင့်စကားထပ် အဲ့ဟာမ စကားကို သွားသွား ယုံမနေနဲ့''
" မဟုတ်ရင် ပြီးတာပဲ ။ အေး.. ဟုတ်နေရင် တော့ ..မောင်ရော ဘယ်သူမှန်း မသိရသေးတဲ့ အဲ့တစ်ယောက်ရော အသက်နဲ့ ခန္ဓာကိုယ် အိုးစားကွဲပြီသာမှတ်''
"အင်းပါ.. မောင်က ကို့ ကို မောင့်အသက်ထက် ချစ်တာကို မသိသေးဘူးလား ခုထိ''
"အမလေး ။ စောင်အတွဲတွေ မမြင်ချင်ဘူး ယွံတယ် ထွက်သွားကြ''
ဘရဏီ ထဆဲလေတော့ သူရိန်က ရယ်သည် ။
"အင်း..နောက်တစ်ခါ ဘယ်သူ ဘာပြောနေနေ မောင့်စကားက်ိုပဲ ယုံတော့မယ်နော်''
"စောင်အတွဲတွေ ပိုကိုပိုတယ်''
ဆူဆူအောင့်အောင့်နှင့်ပြောပြီး ဘရဏီက တေဇတို့ နှစ်ဦးကို ကျောခိုင်းသွားလေသည် ။ တေဇလည်း သူရိန့်ကိို ရင်ခွင်ထဲထည့် ဆွဲဖက်ပြီးနောက် အိပ်စက်ခြင်းဆီသို့ ။
....
တေဇတို့ မနက်အိပ်ယာနိုးချိန်တွင် ကိုကိုကြီးက ဆိုဖာပေါ်တွင် ထိုင်နေပြီး မားက ဘရဏီ့ကို soup တိုက်နေသည် ။ ဖက်ပြီး အိပ်နေသော တေဇတို့ နှစ်ဦးသား လွန့်လူးနေမှသာ မားက လှည့်ကြည့်လာသည် ။
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomansaRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤