ကုတင်ပေါ်တွင် ကြီးကောင်ကြီးမားနှင့် ကိုသော့် ရင်ခွင်ထဲဝင်ကာ ကိုသော့်ကို ကျစ်ကျစ်ပါအောင် ဖက်ထားသူက တစ်ခြားသူ မဟုတ်သည့် ရိတ်သိမ်း။
"ကိုကြီး...ပြောပါအုန်း ။ ရိတ်ကို ချစ်တယ်မို့လား''
"အင်း''
"ဘာ အင်းလဲ ။ ဘာကို အင်းတာလဲ''
ရိတ်သိမ်း ကိုသော့် ရင်ခွင်ထဲမှ ခေါင်းမော့ရင်း မေးလိုက်တော့ သွားကြားထဲက ထွက်သည့် လေသံ တိုးတိုးလေးနှင့် ကိုသော်က ဖြေသည် ။
"မင်းကို ချစ်တယ်လို့''
"ဟမ်...ဘာ မကြားရဘူး''
"မင်းကို ချစ်တယ် ရိတ်''
" ကျွန်တော် အရမ်းပျော်တယ် ကိုကြီး''
"အင်း...ကိုယ်လည်း ပျော်တယ်''
" ပျော်ရင် လာ ... ကျွန်တော့် ရင်ခွင်ထဲကို''
ကိုသော်လည်း ရိတ်သိမ်း ရင်ခွင်ထဲ ဝင်ပြီး ဖက်ထားလိုက်သည် ။ ကောင်းခန်းရောက်မှ ph ringtoneက မြည်လာ၍
"ဟလို''
"...''
"ကျွန်တော် နောက် နာရီဝက်အတွင်း လာခဲ့ပါ့မယ်''
ဖုန်း လက်ခံ ဖြေဆိုပြီးနောက် ခေါင်းအုံးဘေးသို့ အချ
"ကိုကြီး ဘာဖြစ်လို့လဲ''
"စန္ဒီ အဖေ ရောက်နေတယ် ။ ကိုယ် သွားတွေ့သင့်တယ်မလား ''
"ကျွန်တော် လိုက်ခဲ့မယ်လေ''
"သဘော''
ကိုသော်နှင့် ရိတ်သိမ်း အဝတ်အစားလဲပြီး စန္ဒီအဖေ ချိန်းဆိုရာ ဆေး ရုံကြီးသို့ ထွက်လာခဲ့ကြသည် ။
မနက် မိုးလင်းတည်းက ဘရဏီတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရသည် ။ လစဥ်
ဖြစ်နေကြ ကိစ္စ မဖြစ်သည်မှာ နှစ်လကျော်ပြီမို့ ။
အစာလည်း သိပ်မစားနိုင် ။ အသားဟင်းနံ့ ရလျှင်လည်း လူက ပျို့ချင်သလို အန်ချင်သလို ဖြစ်နေသည် ။ ကိုကိုကြီးနဲ့ ရိတ်သိမ်းလည်း အပြင်သို့ ထွက်သွားပြီမို့ တေဇကို လှမ်းခေါ်ပြီး တစ်ခုခု တိုင်ပင်ရန် စီစဥ်ရသည် ။"ဟလို ကိုကိုလေး ။ အေး... အလုပ်မသွားနဲ့အုန်း
ငါ့ဆီ အရင်လာခဲ့''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
Roman d'amourRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤