ကိုသော်လည်း သူရိန့်ကို စိတ်ဆိုးရခက် ၊ ရီရခက်
ဖြစ်နေရသည် ။ အစတည်းက ရပ်ကွက်လူကြီးနှင့် ရဲစခန်းကို phဆက်လျှင် ပို၍ အဆင်ပြေမည်ကို သိသားနှင့် ငလွဲကောင်တို့ကို အကူအညီ တောင်းမိသည်က ကိုသော့် အမှား ။ ရဲစခန်းက အသိတစ်ယောက်ကို phဆက်ပြီး အကူအညီ လှမ်းတောင်းပြီးမှ သူရိန့်အဖေကို ဖြစ်ကြောင်းကုန်စင် ရှင်းပြရသည်။"အေး...သားရေ ။ ဦးလည်း သူ့ကို ပြောပါတယ် ။ အဖေက လူကြီးမဟုတ်ဘူးလေ ဆိုတော့ အသက် ၅၀ ကျော်ပြီပဲ အဖေရာ ဆိုတော့ ဦးလည်း တကယ် အသက်ကြီးတဲ့ သူကို ခေါ်ခိုင်းတာ မှတ်သွားတာ''
"ဟုတ်ကဲ့...ရပါတယ် ။ သူလည်း တေဇနဲ့ အနေများတော့ ဓာတ်ကူးသွားတာနေမယ် ''
"Haha..ဟုတ်ပ သားရေ ။ ဦးတို့.. ကူပေးစရာ မလိုတော့ရင် ပြန်လိုက်အုန်းမယ်နော်။ ဦးက ညနေ စောင်း ဘုရား ဝတ်ပြုနေကြမို့''
"ဟုတ်ကဲ့.. ဦး ပြန်ပါဗျ ။ အားနာပါတယ် ''
"ရပါတယ်ကွာ ။ ငါ့ သား ကိုယ်တိုင်က မှားတာပဲ''
"ဟုတ်ကဲ့ ဦး ၊ အော်..သူရိန် .. ရိတ်သိမ်းကို စောင့်ရှောက် ထားပါအုန်း ။ ငါ ဒီနေ့ည ပြန်လာမယ် ။ နောက်လည်းကျလိမ့်မယ် ထင်တယ်''
"ရပါတယ်ဗျာ..မနက်မှ ရိတ်သိမ်းကို လာခေါ်ပေါ့ ။ အိမ်ပြန်ရောက်ရင်တော့ phဆက်အုန်း''
"အေးအေး ဆက်လိုက်မယ် ၊ ပြန်တော့ .. ဦးတို့ကို အားနာစရာကြီး ''
သူရိန်လည်း ကိုသော့်ကို နှုတ်ဆက်ပြီးနောက် အဖေဖြစ်သူနှင့် အန်တီမိကို ပြန်ပို့ရန် ပြင်ရသည်။
" အဖေ ကိုကိုတို့ သုံးယောက်ကော ။ အိမ်မှာ မမြင်ခဲ့ပါလား''
"မသိဘူးလေ ။ အပြင်သွားတာ နေမှာပေါ့''
အန်တီမိက
"အေး...သားရေ ။ ဘရဏီတို့ သူငယ်ချင်းတွေ မိတ်ဆုံစားပွဲဆိုလား သွားကြတယ်''
အဖေနှင့် အန်တီမိ ကို အိမ်သို့ ပြန်ပို့ပြီးနောက် သူရိန်လည်း ဆိုင်ကယ်နှင့်သာ ပြန်လာလိုက်သည်။
သူရိန် အိမ်ပြန်အရောက် ရိတ်သိမ်းက ကြမ်းပြင်ပေါ်တွင် ကွေးကွေးကြီး အိပ်နေပြီး တေဇက စားပွဲပေါ် မှောက်ရက်သား ။ မသောက်ပါရန် အတန်တန် မှာထားခဲ့သည့်ကြားက သူရိန် အပြင်သွားတုန်း သောက်လိုက်ပုံပင် ။
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
Roman d'amourRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤