နေ့လည်စာ ထမင်းဝိုင်းတွင် မိသားစု စုံစုံလင်လင် ။ မား၊ အကိုသော်နှင့် ရိတ်သိမ်း ၊ တေဇထွန်းနှင့် သူရိန်မင်းမြတ်၊ ရဲရင့်မင်းမြတ်နှင့် ဘရဏီ ၊ နောက်ဆုံးတွင်မတော့ နေခြည်နှင့် မြေးငယ်ပေါက်စလေး ။
တစ်မိသားစုလုံး၏ အကြည့်က ထမင်းစားပွဲတွင် မရှိ ။ ရိတ်သိမ်းကိုသာ ဝိုင်းကြည့်နေကြပြီး ရိတ်သိမ်းအကြည့်က ထမင်းစားပွဲပေါ်မှ ပြည်ကြီးငါးပေါင်းပေါ်တွင်သာ ။ မည်သည့် မိသားစုဝင်မှ ထိုဟင်းပွဲကို မထိကြသေးသော်ငြား ရိတ်သိမ်းက ထူးထူးဆန်းဆန်း သတ္တဝါကို စားကြည့်ချင်နေပြီ ဖြစ်သည် ။ ဒါ... ဒါ... ဘာကောင်လဲ။
စားချင်နေသည့် စိတ်ကို သည်းညည်းမခံနိုင်တဲ့အဆုံး ကိုသော့် နားနား ကပ်မေးလိုက်သည် ။
"ဟို..ကိုသော် ။ ထမင်းမစားကြသေးပဲ ကျွန်တော့်ကို ဘာလို့ ဝိုင်းကြည့်နေကြတာလဲ''
သော်ဇင်ထွန်းလည်း အိမ်ကလူတွေ အကြောင်းသူသာ အသိဆုံး ဖြစ်သည်မို့
"မားတို့..အငယ်တို့..စားကြမယ်လေ..အဟင်း'' ဆိုကာ စကားပြောသလို ချောင်းဟန့်သလိုလုပ်မှ
"အေးအေး..စားကြလေ ။ ထည့်စားနော် ..သား ထည့်စား.. အားမနာနဲ့''
စားပွဲဝိုင်း ထိပ်ဆုံးတွင် ထိုင်နေသည့် အရီးဆီက ခွင့်ပြုချက်ရပြီမို့ မျက်စိထဲက မထွက်နိုင်သော
ဟင်းပွဲမှ အကောင်တစ်ကောင်ကို ခပ်ပြီး ကိုသော့် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည် ။ ပြီးမှ ခပ်ကြီးကြီး တစ်ကောင် ယူပြီး ရိတ်သိမ်းလည်း မိမိ ပန်းကန်ထဲဆီသို့ ။မစားပဲ ဝိုင်းကြည့်နေကြပြန်သည်မို့
"အရီး...ဒီအကောင် စားချင်လို့လား''
ရိတ်သိမ်း စားလက်စ အကောင်ကို ထောင်ပြရင်း မေးလိုက်သည် ။"အဟင်းဟင်း.. မဟုတ်ပါဘူး။ စား.. စား..ကိုယ့်ဟာကို''
ရိတ်သိမ်းလည်း မသိချင်ယောင် ဆောင်ပြီး ဆက်စားနေရင်း ကိုယ့်ပန်းကန်ထဲ ဟင်းတစ်မျိုးထည့်ခါနီး ကိုသော့်ကို အရင် ဦးချ ။ ပြီးမှ ကိုယ် စား။
" ထမင်းစားပွဲမှာ လူရှစ်ယောက် ထိုင်နေတဲ့ဟာ ကျန်တဲ့ ခြောက်ယောက်ကို အာရုံထဲထည့်ထားပုံ
မရဘူး ''
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomantizmRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤