မနက်စောစော ဝေလီဝေလင်းချိန်တွင် ရိတ်သိမ်း အိပ်နေစဥ် စကားပြောသံ သဲ့သဲ့လေးကို ကြားလိုက်ရသည် ။
" အရိတ်... တစ်ချိန်လုံး မင်း အနားမှာ တွယ်ကပ်
ပြီး ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့လို့ ငါ တောင်းပန်ပါတယ် ။ ငါ သွားပြီ ။ မနက်ဖြန် ဘုရားသွားပေးဖို့ မမေ့နဲ့အုံးနော် ''ရိတ်သိမ်း အိမ်မက်လိုလို အတည်လိုလို ဖြစ်နေ၍
အိပ်ရာက လန့်နိုးလာစဥ် ဘေးတွင် အိပ်နေသည့် ကိုသော်ကလွဲ မည်သူမှ မရှိ ။ ရိတ်သိမ်း .. ကိုသော့် phကို ဖွင့်ပြီး နာရီကြည့်တော့ မနက် ၅နာရီ ၂၅ ။ စောနေသေးသည်မို့ ရိတ်သိမ်းလည်း ပြန်အိပ်နေလိုက်သည် ။..
မနက် ဝေလီဝေလင်းအချိန် မြို့ရှောင်လမ်းကင်းတဲထဲ တပ်သားလေး စိုးမင်း တစ်ယောက် ကင်းစောင့်ရင်း ငိုက်မြည်းနေသည် ။ ဂျူတီက ၇နာရီမှ လဲရမည် ဖြစ်သောကြောင့် ခုံပေါ်ထိုင်ရင်း လူက လုံးဝ မဟန်နိုင် ။
" အကို.... အကို ''
" အကိုရေ.... အကို ''စိုးမင်း ငိုက်နေရင်း ကင်းတဲ အပြင်မှ အော်ခေါ်သံကြားရ၍ အိပ်ချင်မူးတူးနှင့် အပြင်ထွက်လာတော့ ကောင်လေးတစ်ယောက် ။ တစ်နည်း..
ရှပ်လက်ရှည်နှင့် ပိုးပုဆိုး ဝတ်ထားပြီး မျက်မှန်ဝိုင်းလေး တပ်ထားသော ဖြူဖြူသေးသေး ကောင်လေးတစ်ယောက် ။ ထူးဆန်းသည်က ကောင်လေး၏ နှုတ်ခမ်းတစ်ခုလုံး မဲပြာနေသည် ။" အေး.. ညီလေး ဘာဖြစ်လို့လဲ ။ အကို ဘာ ကူညီရမလဲ ''
" မနက် ၈နာရီ ထိုးရင် ဒီကနေ ဖြတ်ပြီး ပြည်ကိုဝင်မယ့် ကားနံပါတ် (............) မှာ ဘိန်းဖြူတွေ ပါတယ် အကို ။ အဲ့တာ ကျွန်တော် သတင်းလာပေးတာ ''
" ဟမ်.... မင်း ငါ့ကို လာနောက်နေတာလား ။ တစ်ခုခုဆို မင်းရော ငါပါ ဂျေးအောင်းရမှာနော် ''
" ကျွန်တော့်ကို ယုံလိုက်ပါ ။ တကယ်လို့ အစ်ကို မယုံခဲ့ရင် ကျွန်တော့် မှတ်ပုံတင် နံပါတ် ယူထားလိုက် ရော့ ''
ကောင်လေးက မှတ်ပုံတင်ကဒ်လေးကို စိုးမင်း လက်ထဲ ထည့်ပေးလာသည် ။ စိုးမင်းလည်း ဓာတ်ပုံနှင့် အပြင်ရုပ်ကို တိုက်စစ်ပြီးနောက်
![](https://img.wattpad.com/cover/242200148-288-k95494.jpg)
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
Lãng mạnRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤