ညနေစောင်းမှ အရိုး၊အကြော ဆေးခန်းက တေဇ ပြန်လာရသည် ။ သူရိန့် ကောင်းမှု အကြောင်းပြုပြီး တေဇ လက်ကျိုး သွားသည်မို့ ကျောက်ပတ်တီးက ၄၅ ရက်တိတိ ထားရမည် ။ ဘရဏီတို့ မင်္ဂလာဆောင်တွင် တေဇ ကျောက်ပတ်တီးကြီးနှင့် ဖြတ်သန်းရပေအုန်းမည်ပေါ့ ။
"မောင် အရမ်းနာနေလားဟင်''
မျက်နှာငယ်လေးနှင့် မေးလာသော သူရိန် ။"လက်တစ်ချောင်းလုံး ကျိုးသွားတာလေ ။ မနာပဲနေမလားဗျ''
"ကိုယ်က ဒီတိုင်း...ဒီတိုင်းပဲ စလိုက်တာ''
ငိုသံနှင့် ပြောလာရင်း မျက်နှာတစ်ပြင်လုံး နီရဲကာ မျက်ရည်များ ကျလာသည်မို့
"ငိုနေတာလား...ငိုမနေနဲ့တော့ ။ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး ။ ဆေးထိုးထားတော့ နည်းနည်း အကိုက် သက်သာနေပါပြီ''
မြတ်နိုးသူက ငိုလာလေတော့ လူနာက ပြန်နှစ်သိမ့် ပေးရပြန်သည် ။
"အရမ်း...အရမ်း နာနေမှာပဲနော် ။ ကိုယ် မကောင်းတာ ။ မောင်...မင်း အရမ်း နာနေတယ်မလား ။ ကိုယ်သိတယ် ...မင်း နာနေတာ''
ဆေးသောက်ဖို့ ခေါက်ဆွဲပြုတ် ယူလာပေးသော မားက ထမာန်သည် ။
"ဟဲ့...စောက်ပိုတွေ လုပ်မနေနဲ့ ။ ဒီမှာ ဒါ ကျွေးလိုက် ။ ပြီးရင် ဟိုကောင် တစ်ခါတည်း ဆေးသောက်နော် ။ စောက်ကမြင်းကြော ထကြလည်း
ကြည့် ထကြဟေ့ ။ ကျော်မကောင်း ကြား
မကောင်းဖြစ်ကုန်မယ်''ဆူပူမာန်မဲ ပြီးနောက် မားလည်း အခန်း တံခါးပိတ်ကာ ပြန်ထွက်သွားသည် ။
"ကို..ငိုမနေနဲ့တော့ ။ ဒီက နာနေတာတောင် ဘယ်ရောက်ကုန်ပြီလည်း မသိဘူး။ အဲ့တာကြောင့် ပြောသားပဲ အရမ်းမလုပ်ပါနဲ့ဆိုတာ ။ ခုတော့ ကျွန်တော် လက်ကျိုးတာပဲ အဖတ်တင်တယ်''
"မဟုတ်ပါဘူး ။ မောင့်ကိုလည်း ကိုယ် မနာကျင်စေရက်ပါဘူး ။ ဒီတိုင်း...ကိုယ်က ဒီတိုင်းပဲ စလိုက်တာ "
"ကို နဲ့တော့ စိတ်ညစ်တော့တာပဲဗျာ ။ မနာပါဘူးဆို ။ လုပ်..ခေါက်ဆွဲပြုတ်တိုက်တော့ ။ ဗိုက်ဆာနေပြီ''
"အင်း..မနာတာသေချာတယ်နော်''
"သေချာတယ်... မနာဘူး ။ ပြီးတော့ ငိုမနေနဲ့ ။ ဒီလောက် အယ်ထနေတဲ့ ဗလတွေနဲ့ ငိုနေတာ ကြည့်မကောင်းဘူး "
![](https://img.wattpad.com/cover/242200148-288-k95494.jpg)
YOU ARE READING
အသက်တည်သရွေ့ (Unicode +Zawgyi) Complete
RomanceRole နဲ့ပက်သက်ပြီး sensitive ရှိ သူများကို မဖတ်စေချင်ပါ ❤❤